ချန်ပီယံလိဒ်ကွာတားဖိုင်နယ်တွေထဲကပရိသတ်တွေစိတ်အဝင်စားဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မှာတော့နာမည်ကြီးဘာစီလိုနာအသင်းကအဝေးကွင်းမှာ(ဝ-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲစဉ်ကတော့တစ်ကမ္ဘာလုံးကပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တာနဲ့အညီပရိသတ်တွေကိုအကောင်းဆုံးရသတွေပေးနိုင်ခဲ့တာပါ။

နှစ်သင်းလုံးကတော့လူစုံတက်စံနဲ့ပွဲထွက်လာခဲ့ပေမယ့်လည်းဘာစီလိုနာအသင်းကပွဲချိန်တစ်လျောက်လုံးဖိအားပေးကစားသွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာပွဲစတာနဲ့ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီးပွဲကစားချိန်၁၂မိနစ်မှာဆွာရက်ရဲ့ခေါင်းတိုက်ဂိုးကလုရှောနဲ့ထိပြီးဂိုးထဲဝင်သွားခဲ့ပြီးဘာစီလိုနာအသင်းကိုအဖွင့်ဂိုးရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်းတောက်လျောက်ကစားအားမချပဲတိုက်စစ်ပြုကစားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကလည်းနောက်တန်းမှာပြုံပြီးခံစစ်ကိုသာကစားခဲ့ပါတယ်။ဒီလိုနဲ့ကျန်တဲ့ပွဲကစားချိန်တွေမှာနှစ်သင်းလုံးဂိုးမသွင်းနိုင်တော့တာကြောင့်ပွဲအပြီးမှာမန်ယူအသင်းကိုဘာစီလိုနာအသင်းက(ဝ-၁)နဲ့အနိုင်ရပြီးဆီမီးဖိုင်နယ်တက်ဖို့အတွက်အကောင်းဆုံးအခြေနေတွေပိုင်ဆိုင်သွားခဲ့ပါပြီ။

SOURCE:Football Genius

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။