ပြည်ပနိုင်ငံခြားသားတွေထဲမှာ ပြည်တွင်းကိုလာရောက်လည်ပတ်သူတွေနဲ့အတူ မြန်မာ့ပညာရေးမြှင့်မားဖို့အတွက် လာရောက်သင်ကြားလျှက်ရှိတဲ့ ဆရာ၊ ဆရာမလေးတွေလည်း များစွာရှိနေတာကိုတွေ့ရပါတယ်။ အဆိုပါ မြန်မာ့ပညာရေးမှ နိုင်ငံခြားသား ဆရာ၊ ဆရာမလေးတွေကတော့ ပြည်တွင်းနေရာအနှံ့အပြားမှာ သွားရောက်ပညာသင်ကြားနေသူတွေများစွာရှိနေပြီး မြန်မာ့ကျောင်းသားကလေးငယ်များကို အင်္ဂလိပ်စာအရည်အသွေးမြှင့်မားဖို့အတွက် ကြိုးစားလျှက်ရှိတာတွေ့ရပါတယ်။  

လေးစားစရာကောင်းတဲ့ အဆိုပါ ကျောင်းဆရာ၊ ဆရာမလေးတွေရဲ့ အနစ်နာခံသင်ကြားမှုတွေက ပြည်တွင်း မိဘပြည်သူတွေကို အချစ်ပိုစေခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကိုလည်း ချစ်မြတ်နိုးသူတွေဖြစ်ကြောင်းသိရပါတယ်။ မကြာသေးမီကလည်း အဆိုပါ နိုင်ငံခြားသား ဆရာ၊ ဆရာမလေးတွေရဲ့ နိုင်ငံတော်သီချင်းသီဆိုမှုဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာတွေ့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှုတွေသာမက မြန်မာနိုင်ငံတော်သီချင်းကိုလည်း လေးလေးစားစားသီဆိုမှုကတော့ ပရိသတ်တွေကို အံ့အားသင့်စေမှာအမှန်ပဲဖြစ်ပါတယ်။  

ပြည်တွင်းလာရောက်သင်ကြားမှုတွေပြုလုပ်နေတဲ့ အဆိုပါ နိုင်ငံခြားသား ဆရာဆရာမလေးတွေရဲ့ ကြည်နူးစရာအပြုံးလေးတွေနဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကိုလည်း ကူးစက်စေမှာအမှန်ပဲဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းသို့ရောက်ရှိနေပြီး မြန်မာ့ပညာရေးလောကမှာ ဝင်ရောက်သင်ကြားပေးနေတဲ့ အဆိုပါ ကျောင်းဆရာ/မလေးတွေရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - ခေတ္တဇော်ဇော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။