မြန်မာ့လက်ရွေးစင်အသင်းမှာအသင်းအတွက်အဓိကကစားသမားတစ်ယောက်အနေနဲ့ခြေစွမ်းပြကစားနေတာကတော့အောင်သူပဲဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့အချစ်တွေကိုရရှိထားတဲ့နာမည်ကျော်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့ဘောလုံးကစားရာမှာကောင်းမွန်တဲ့ခြေစွမ်းတွေကြောင့်နိုင်ငံခြားကလပ်အသင်းတွေရဲ့စောင့်ကြည့်မှုကိုအများဆုံးခံရတဲ့ကစားသမားဖြစ်ပါတယ်။

သူကတော့ခုမှာထိုင်းပရီးမီးယားလိဒ်ထိပ်သီးကလပ်မြောင်တောင်အသင်းမှာကစားနေတာဖြစ်ဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်မှာကစားတာခုဟာဒုတိယရာသီပဲဖြစ်ပါတယ်။ပထမရာသီက Police Tero အသင်းမှာကစားခဲ့ပြီးခြေစွမ်းပြဂိုးတွေကြောင့်ထိုင်းထိပ်သီးကလပ်တွေသူ့ကိုကမ်းလှမ်းခဲ့ရင်းနဲ့ခုမှာမြောင်တောင်အသင်းမှာကစားနေတာဖြစ်ပါတယ်။

မြောင်တောင်အသင်းကိုပြောင်းရွေ့ခဲ့စဉ်ကလည်းမြောင်တောင်အသင်းဟာထိုင်းထိပ်သီးဖြစ်တာကြောင့်သူ့ရဲ့ပြောင်းရွေ့ကြေးကိုပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။ခုထိုင်းလိဒ်မှာကစားနေတဲ့အသက်၂၃နှစ်အောက်ကစားသမားတွေထဲမှာအောင်သူတန်ကြေးကယူရို၃၅၀၀၀၀ထိရှိနေတာဖြစ်ပါတယ်။သူကတော့မြောင်တောင်အသင်းမှာလည်းခြေစွမ်းတွေပြနေတာကြောင့်သူ့ရဲ့တန်ကြေးတွေကတော့တစ်ဖြည်းဖြည်းနဲ့များလာတာဖြစ်ပါတယ်။

SOURCE:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။