အချစ်ရေးနဲ့ပါတ်သတ်ပြီး ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းချပြတတ်တဲ့ မင်းသမီးရွှေမှုန်ရတီက

သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ထားတဲ့ ချစ်သူနဲ့စုံတွဲပုံတွေကို ဝေဖန်တဲ့ပရိတ်သတ်တွေရှိလို့

နာရီပိုင်းအတွင်းပြန်ဖြုတ်ချပေးလိုက်ပါတယ်တဲ့ ။ ပရိတ်သတ်မကြိုက်တာကိုမလုပ်ဘူးလို့ ဆိုတဲ့

မင်းသမီးလေးက သူ့ရဲ့ ချစ်သူအကြောင်းကိုပြောပြရာမှာတော့

ချစ်သူက အသက်ကွာတာဟုတ်ပါတယ် ။ ခေါင်းဆောင်မင်းသမီးတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့အပြင်

ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်မောင်နှမတွေ ကြားမှာလဲ

အငယ်ဆုံးဖြစ်နေတဲ့အတွက်ချစ်သူနဲ့ အသက်ကွာတာဟာ မထူးတော့ပါဘူးတဲ့ ...

အားလုံးနဲ့လဲ အသက်ကွာနေတာပါပဲ ရယ်လို့ပြောသွားပါသေးတယ် ။

ပွင့်ပွင့်လင်းလင်းဘဲနေတတ်တယ် ခိုးကြောင်ခိုးဝှက်လုပ်တာမျိုးကိုမကြိုက်ဘူးဆိုတဲ့မင်းသမီးလေးက

ချစ်သူကိုဘာကြောင့်ချစ်မိသွားလဲဆိုရာမှာတော့

" ညီမအပေါ် စိတ်ရှည်သည်းခံပြီးတော့ အရမ်းဂရုစိုက်ပြီး အရမ်းလဲချစ်ပါတယ် ။ အချိန်လဲ အများကြီးပေးထားတာပါ ။

ညီမက အရမ်းဆိုးတဲ့သူဖြစ်တဲ့အတွက် အနွံအတာခံသည်းခံပြီး အကိုတစ်ယောက်ကိုပြုပြင်ဆုံးမတဲ့အတွက်ကြွေမိတာပါ ...

အဝေးကနေပဲဖြစ်ဖြစ် အနီးကနေပဲဖြစ်ဖြစ် ဂရုစိုက်တတ်တဲ့သူအကျင့်ကြောင့် ကြွေသွားမိပါတယ်။ " လို့ပြောပြပါတယ် ။

လူမှုကွန်ယက်မှာ ပုံတင်တဲ့ အခါ ချစ်သူပုံတွေကို ကာထားတဲ့အတွက် မမြင်စေချင်တာလားဆိုပြီး အထင်လွဲလို့

စုံတွဲပုံတင်ပြီး သက်သေပြလိုက်တာပါ ။ သို့ပေမယ့်လဲ ပရိတ်သတ်တွေက ဝေဖန်တဲ့ အတွက်နာရီပိုင်းအကြာမှာပဲပြန်ဖျက်လိုက်ပါတယ် ။

အမှန်က ပုံတွေတင်ရင် ချစ်သူပုံကိုကာထားတယ်ဆိုတာ မမြင်စေချင်လို့မဟုတ်ပါဘူး ...

ကိုယ်လှတဲ့ပုံမှာ သူမလှရင် ကိုယ်ပုံလေးပဲတင်ချင်လို့ကာတာပါ တဲ့ ။

မင်းသမီးလေးကတော့ သူ့ရဲ့ အချစ်ရေးမှာပျော်ရွှင်နေပုံပါပဲနော် ... ။

Source : Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။