ရော်နယ်ဒိုဆိုတာနဲ့အသင်းတိုင်းမှာခြေစွမ်းပြဂိုးတွေသွင်းယူပြီးချန်ပီယံဆုဖလားတွေကမ္ဘာအကောင်းဆုံးဆုဖလားတွေအကြိမ်ကြိမ်ဆွတ်ခူးနိုင်တဲ့ကစားသမားတစ်ယောက်ဆိုတာပရိသတ်တွေမြင်မိကြမှာပါ။အသင်းတွေပြောင်းပြီးအသက်တွေရလာခဲ့ပေမယ့်သူ့ရဲ့ခြေစွမ်းတွေကတော့ပရိသတ်တွေမအံ့သြပဲနေနိုင်လောက်အောင်ကောင်းမွန်တဲ့ခြေစွမ်းတွေပိုင်ဆိုင်ထားတာပါ။

သူကတော့ဘောလုံးလောကမှာအောင်မြင်ရုံသာမကပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။သူတို့မိသားစုလေးကလည်းပရိသတ်တွေအားမကျပဲမနေနိုင်လောက်အောင်ကိုကြည်နူးပျော်ရွင်ဖို့ကောင်းတာပါ။အားတဲ့ရပ်လေးတွေမှာမိသားစုနဲ့အချိန်လေးတွေပေးပြီးပုံရိပ်လေးတွေvideoလေးတွေကို instagram ကနေတင်လေ့ရှိပြီးသူတို့ပျော်နေတဲ့အပျော်တွေကလည်းပရိသတ်တွေကကူးစက်စေတာဖြစ်ပါတယ်။

သူကတော့တစ်ခြားကမ္ဘာကျော်ဘောလုံးသမားတွေလိုမိန်းမရှုပ်တဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ခုသူ့ရဲ့ချစ်သူRodriguezနဲ့လည်းအချိန်များစွာကြာလက်တွဲခဲ့တာပါ။သူ့ရဲ့ချစ်သူအလှတွေကလည်းရော်နယ်ဒိုကိုတစ်ခြားစိတ်မပြောင်းသွားအောင်ဆွဲဆောင်နိုင်တာပါ။ပရိသတ်တွေလည်းရော်နယ်ဒိုကိုဆွဲဆောင်ထားတဲ့Rodriguezရဲ့အလှတရားပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Photo:Georgina Rodriguez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။