ပရိသတ်ကြီးရေ.. “ကျွန်မက မဟေသီ” ဇာတ်လမ်းထဲမှာ ဗီလိန်ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့်ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

မိန်းမချောဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ပီပြင်လွန်းတာကြောင့်လည်း ပရိသတ်တွေသတိထားမိခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေးပဲ ဖြစ်ပါတယ်နော်..။

ပီပြင်ပိုင်နိုင်တဲ့ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့်ကိုတော့ အခုတစ်ခါမှာ သြင်္ကန်မယ်လေးအဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ သြင်္ကန်မယ်လေး မိန်းမချောကတော့ ရှာပုံတော် မင်းသားကြီးကို လိုက်ရှာနေတာပါဆိုပြီးတော့လည်း မြန်မာဆန်ဆန်လေးနဲ့ သူမရဲ့ သြင်္ကန်ဖက်ရှင်ပုံလေးတွေကို မျှဝေထားတာပါ..။

“ရှာပုံတော်မင်းသားကြီးရေ ဘယ်မာလဲရှင့်

ချောချောလေး ရှာနေပါတယ်နော်..” ဆိုပြီး မိန်းမချောလေးဖြစ်တဲ့ သံသာမိုးသိမ့်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်စဖွယ်လေး ရေးသားထားတာပဲ ဖြစ်ပါတယ်..။

ချစ်ပရိသတ်တွေရဲ့ အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ ချစ်စရာကောင်းတဲ့ သြင်္ကန်ဖက်ရှင်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အေးဇော်မိုး၊ သံသာမိုးသိမ့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။