ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာတော့ အယ်လ်ဂျီရီးယား အထက်လွှတ်တော် ဥက္ကဌ အက်ဘ်ဒယ်ကာဒါ ဘင်ဆာလာဟာ ကြားဖြတ်သမ္မအဖြစ် တင်မြှောက်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။

သူ့ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ကြတာကတော့ ပါလီမန်ကပဲဖြစ်သလို ဒါဟာ အယ်လ်ဂျီးရီးယား ဖွဲ့စည်းပုံဥပဒေအရ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် သမ္မဟောင်း ဘူတယ်ဖလီကာ ရဲ့ ရင်းနှီးသူနဲ့ အတွင်းစည်းထဲက လူဖြစ်တဲ့ ကြားဖြတ်သမ္မတ ဘင်ဆာလာ ကိုတော့ ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။

ဒါ့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့လည်း ဆန္ဒပြသူ ပြည်သူတွေကို ရေတွေအမြောက်အများ အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်။

အခုလိုဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပေမယ့်လည်း ကြားဖြတ်သမ္မတ ဘင်ဆာလာဟာ အယ်ဂျီးရီးယား ဖွဲ့စည်းပုံအရေ ရွေးကောက်ပွဲ အသစ်မကျင်းမပီအထိ သမ္မတအဖြစ် ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရာထူးက ဆင်းသွားခဲ့တဲ့ ဘူတယ်ဖလီကာ ဟာဆိုရင်လည်း အသွင်ကူးပြောင်းရေး အစိတ်အပိုင်းအဖြစ် ရက်ပေါင်း ၉၀ အကြာမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ကတိပြုပြောကြားထားကြောင်း သိရပါတယ် ။

Source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။