ပရိသတ်အချစ်တော် ၊ရခိုင်လူမျိုးချင်းလည်း တူတဲ့ သရုပ်ဆောင် မင်းသွေးနဲ့ Myanmar Idol Winner သားငယ်တို့နှစ်ဦးဟာ အပြင်မှာ အခုလိုဆုံဖူးတာ ပထမဆုံးအကြိမ်ဖြစ်မယ့်ပုံပါပဲ။

သားငယ်ပြိုင်ပွဲဝင်နေကထဲက ဆက်တိုက်အားပေးခဲ့တဲ့ နေတိုး နဲ့ မင်းသွေးတို့ဟာ သားငယ်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုထားကြပါတယ်။

မကြာသေးမီရက်ပိုင်းက Ivan Oo ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ လူမှုကွန်ရက်ပေါ်မှာ သားငယ်ကို အကြော်သည်..စသဖြင့် ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုတွေ တဖက်သတ်ပြင်းထန်ခဲ့တဲ့အတွက် မင်းသွေးက မနေတတ်လို့ သားငယ်ဘက်က ဝင်ရောက်ကာကွယ်ချေပခဲ့ပါတယ်။

သားငယ်ကြောင့် အစပြုလိုက်တဲ့ သူတို့နှစ်ယောက်အပြန်အလှန် ရန်စကားတွေကို ဒါရိုက်တာမောင်မျိုးမင်း ၊ ပန်ဆယ်လို စတဲ့အနုပညာရှင်တချို့ကတောင် ဝင်ရောက်ဖြန်ဖျေ ပြောခဲ့ရတဲ့အထိပါပဲ ။

ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ရိုးသားဖြူစင်တဲ့ သားငယ်ကို အားပေးတာ တစ်နိုင်လုံးက ပရိသတ်တိုင်းလိုလိုပါပဲ။

အဲ့ဒီလူတွေထဲမှာ နေတိုးနဲ့ မင်းသွေးတို့ ညီအစ်ကိုလည်း ပါဝင်ပြီး မနေ့က ဧပြီလ(၅)ရက်နေ့မှာမှ သားငယ်နဲ့ အပြင်မှာဆုံပြီး ဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့တယ်လို့ မင်းသွေးက သူ့ရဲ့ ဖေ့ဘုတ်မှာ တင်ထားပါတယ်။ 

နှစ်ယောက်အတူပြုံးပြုံးရွှင်ရွှင် ရိုက်ထားတဲ့ ပုံမှာ "ဒီဘဲလေးနဲ့ အခုမှပဲ တွေ့ဖြစ်တော့တယ်" ဆိုပြီးရေးသားထားပါသေးတယ်။ 

သတင်းအရင်းမြစ် Min Thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။