ပရိသတ်တွေရဲ့ အချစ်တော်လေးစိုးပြည့်ကတောက အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး အောင်မြင်မှုသရဖူတွေကို ရယူပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ စိုးပြည့်ကတော့ သရုပ်ဆောင်ချက်တွေကောင်းမွန်လွန်းတာကြောင့်အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။    

ယနေ့မှာတော့ စိုးပြည့်လေးဟာ ဒွေးနဲ့အတူ ပထမဆုံးနဲ့ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးရဲ့ အတွေ့အကြုံကို ပြောပြလာခဲ့ပါတယ်။ စိုးပြည့်လေးကတော့ " ပန်းပွင့်တွေရဲ့နေ့ဓါးသွားတွေရဲ့ည"ဒီကားလေးကကိုယ့်ရဲ့ဒုတိယမြောက်ကားလေး....ဒါရိုက်တာကကိုညိုမင်းလွင်....ဦးသားကြီးနဲ့ကလည်းပထမဦးဆုံးနဲ့နောက်ဆုံးရိုက်ဖူးခဲ့တဲ့ကားလေး " ဆိုပြီး ရေးသားထားပါတယ်။ 

" အဲ့တုန်းကမေမြို့ကိုလည်းပထမဦးဆုံးရောက်ဖူးခဲ့တာ....အဲ့ကားမှာမမဒါလည်းပါတယ်.....စိုးပြည့်ကတယောထိုးတဲ့ကောင်မလေး..."မေ"ဆိုတဲ့ကောင်မလေးပေါ့.....အဲ့ကားရိုက်တော့ကိုယ့်အသက်၁၄နှစ်...၈တန်းကျောင်းသူပေါ့.....တယောထိုးတဲ့အခန်းရိုက်ဖို့...တောင်ငူမှာတယောထိုးတဲ့ပုံစံလေးတူအောင်သင်ခဲ့ရသေးတာအမှတ်တရလေးဘဲ......ခုပရိသတ်တစ်ယောက်ကပုံလေးတွေပို့လို့ပြန်သတိရပြီးအမှတ်တရလေးတင်လိုက်တာ " ဆိုပြီး ရေးသားထားပါတယ်။

SOURCE: စိုးပြည့် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။