ပရိသတ်တွေရဲ အားပေးချစ်ခင်မှုတွေကို ရရှိထားကြတဲ့ သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ မင်းသမီးချော မေသဉ္ဇာဦးနဲ့ ဇာတ်ပို့သရုပ်ဆောင် အျအိတုံတို့ကလည်း အပါအဝင်ပါပဲ..။

အောင်မြင်တဲ့ အနုပညာရှင်တွေအဖြစ်ရပ်တည်နေကြသလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးတွေကိုလည်း ပိုင်ဆိုင်ထားကြတာ တွေ့ရပါတယ်နော်..။

အနုပညာရှင်တွေဖြစ်ကြတဲ့အတိုင်း အားလုံး စည်းစည်းလုံးလုံး ပျော်ရွှင်စွာနဲ့ အိအိတုံးကလည်း သူမရဲ့ ချစ်စရာသမီးလေးနဲ့အတူ အမေတစ်ယောက်လို ချစ်ရတဲ့ မေသဉ္ဇာဦးရဲ့ အိမ်ကိုလည်း အလည်သွားရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

သမီးလေးနဲ့အတူ အိမ်လည်သွားရင်း မုန့်တွေလည်းကျွေးပြီး မုန့်ဖိုးတွေပါ ပေးလိုက်တာမို့ ကျေးဇူးတင်စကားလေးနဲ့အတူ အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အပျော်လေးတွေ မျှဝေထားပါသေးတယ်..။

“ကျားကျားကိုသွားကြိုရင်း ချစ်ဖေချစ်မေတို့ အိမ်ဝင်လည်မုန့်တွေလည်း ကျွှေးမုန့်ဖိုးပါ

ပေးလိုက်တာကျေးဇူးပါလို့ဖေနဲ့မေ..” ဆိုပြီးတော့လည်း အိအိတုံက သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားတင်ထားတာပဲ ဖြစ်ပါတယ်နော်..။

ကြည်နူးပြီး ပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Photo - အိအိတုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။