ယနေ့ခေတ် ကလေးငယ်တွေလက်ထဲမှာ အားလုံးဖုန်းကိုယ်စီနဲ့ပါ။ အမြဲတမ်း ph လေးတကိုင်ကိုင်နဲ့ ဂိမ်းဆော့ရင်ဆော့ မဆော့ရင် တခြား social network တွေနဲ့ အချိန်ဖြုန်းလေ့ရှိကြပါတယ်။ တန်ဆေး လွန်ဘေးဆိုသလိုပဲ စိတ်အပန်းပြေရုံမဟုတ်ဘဲ အချိန်တိုင်းသုံးလာတဲ့အခါ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဘာဖြစ်မလည်း……

ဂိမ်းအလွန်အကျွန်ဆော့ပြီး အိပ်ရေးမဝရာမှ ဦးနှောက်ပါ ထိခိုက်ခဲ့တဲ့ မြန်မာပြည်က ကလေးငယ်လေးအကြောင်း မျှဝေပေးပါရစေ……

"Game အလွန်အကျွံဆော့တတ်တဲ့ သားသမီးတွေကို ဂရုစိုက်ပါ

အိမ်မှာရှိတဲ့ သားသမီးငယ်လေးတွေ ကျွန်တော့အစ်ကိုတစ်ယောက်ရဲ့ သားလေးရဲ့ ဒီလိုအဖြစ်မျိုးမဖြစ်အောင် မိဘပြည်သူအပေါင်း မိမိတို့သားသမီးများကို အချိန်မှန်အိပ် အချိန်မှန်စားဖို့ မဖြစ်တာတွေ

မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်အောင်လို့ပါ...

လူတစ်ယောက်မှာ အရေးကြီးဆုံးဟာ ဦးနှောက်ပါဘဲ..

အခု ခေတ်မီတိုးတတ်လာတဲ့ အမျှ ကလေးကစားစရာ ဂိမ်းအများအပြားပေါ်ပေါက်လာပြီး ကလေးများဟာ ထိုဂိမ်းတွေအပေါ်စွဲလမ်းကာ နေ့မအိပ်ညမအိပ် ဆော့ကစားလာခဲ့တယ်...

အဖြစ်အပျက်ကအဲ့ကစတာဘဲ

ကျွန်တော့ အစ်ကိုတစ်ယောက်ရဲ့ သားလေးက

ILBC တတ်တာပါ...ဒီတော့သူကျောင်းသွားဖို့ မနက်စောစောထပြီး ကျောင်းတတ်ရပါတယ်...

ကလေးက ညဆို မိဘနဲ့အခန်းထဲမှာတူတူမအိပ်တော့

ကလေးက ဘယ်အချိန်အိပ်လဲဆိုတာကိုသတိမထားကြမိဘူး...

တစ်နေ့ သူ့ရဲ့ လက်တစ်ဖက်က မြှောက်လို့မရဘူး မြှောက်တာနဲ့ပြန်ပြန်ကျနေတယ် ဆေးခန်းကဆရာဝန်ကတော့ ဒါလေဖြန်းချင်တာတဲ့ ဆိုပြီးကလေးကို ဆေးထိုးတယ် ကလေးတော်တော်ခံစားရတယ် လမ်းလျှောက်တာတောင် ထော့နဲ့ထော့နဲ့နဲ့ဖြစ်သွားတယ်...

ဆေးသောက်တာလဲမပျောက်တဲ့နောက်ဆုံး

ဘန်ကောက်က ဆေးရုံးသွားတယ်...

ဟိုရောက်တော့ ဓါတ်မှန်ရိုက်ကြည့်တာ #ဦးနှောက်မှာအကြိပ်တွေ့တယ်တဲ့ အရေးဘော် အမြန်ခွဲရမယ် အသက်အန္တရယ်စိုးရိမ်ရတယ်တဲ့ လူလဲပြရာခက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြီး

ဦးနှောက်ပိုင်းကျွမ်းကျင်တဲ့ ပါရဂူတွေရှိတဲ့ Singapore ကိုသွားခဲ့တယ် ဘန်ကောက်က ဆရာဝန်တွေကတားသော်လည်းမရ ရအောင်သွားခဲ့တယ်...

Singapore မှာ နောက်တခါ ဓာတ်မှန်ထက်ရိုက်တယ်...

ခင်ဗျားအရမ်းကံကောင်းတယ်တဲ့ ဒီကိုလာတာမှန်သွားတယ်တဲ့

အကယ်၍သာ ဘန်ကောက်မှာ ခွဲလိုက်ရင် ခင်ဗျားသား #အသက်ရှင်တော့မှာမဟုတ်တော့ဘူးတဲ့

အကြိပ်လား သွေးခဲလားသေချာအောင် စစ်ဆေးပေးမယ်တဲ့

၃ကြိမ်လောက်သေသေချာချာစစ်တယ်...

နောက်မှ သွေးကြောပေါက်ပြီး သွေးခဲနေတယ်ဆိုတာ သေချာသွားတယ် အဲ့သွေးကြောက ခေါင်းမှာ အရည်ကြည်တွေများလာပြီး pressureဖြစ်သွားပြီး သွေးကြောပေါက်တာတဲ့...

အကြောင်းအရင်းကတော့_ဂိမ်းကစားတာပါ_ညကို #၂နာရီ #၃နာရီမှအိပ်ပြီး မနက်အစောကြီးထပြီးကျောင်းကိုရနာရီအရောက်သွားရတော့ #ကလေးကအိပ်ချိန် #၃၄နာရီလောက်ဘဲ အိပ်ဖြစ်တယ် ကျောင်းကပြန်လာလဲမအိပ်ဖြစ်ဘူး

စာသင် ထမင်းစားပြီးတာနဲ့ ဂိမ်းစဆော့တာဘဲ ဒီလိုနဲ့လတွေကြာလာတော့အခုလိုဖြစ်တော့တာဘဲ...

ဖြစ်မှကာကွယ်တာထက်မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါဘဲ...

အခုဆိုကလေးက TVရုပ်သံဇာတ်လမ်းတွေလဲမကြည့်ရတော့ဘူး #စိတ်လှုပ်ရှားပြီး ဦးနှောက်ထိခိုက်မှာစိုးလို့

အဆိုးဆုံးက အိမ်သာတတ်ရင်တောင် အားရပါးရညစ်လို့မရဘူး ဦးခေါင်းထိခိုက်မှာစိုးလို့

ဘယ်အရာမှမလုပ်ခိုင်းဘူး...

သွေးခဲက 2.5cmကနေ အခု1.5cmလောက်ကျန်ပါသေးတယ် နှစ်လပြီးရင်ထက်သွားစစ်ရဦးမယ်...

အဓိကပြောချင်တာလေးက မိဘတွေ ကို့သားသမီးလေးတွေကြိုတင်ကာကွယ်ဖို့ အချိန်မှန်အိပ် အချိန်မှန်စားအောင်ပြုစုစောင့်ရှောက်ကြပါလို့ ုဖစ်လာရင်

ကုန်ကြစရိတ်တွေကတော်တော်များတယ်...ဘန်ကောက်လို ခေတ်မီစက်ပစ္စည်းစုံတဲ့နေရာမှာတောင်စိတ်မချရတာ ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင်တော့...ခေတ်မီစက်ပစ္စည်းအစုံအလင်ရှိပါ့မလား...

ကို့သားသမီးလေးတွေကို ကြိုတင်ကာကွယ်နိုင်ပြီး

တခြားလူတွေကိုပါလက်ဆင့်ကမ်းနိုင်ပြီး အသိပေးနိုင်ရင်ဘဲ ကျွန်တော်လက်အညောင်းခံပြီး ရေးတဲ့အရာလေးတစ်ခုက သူတပါးရဲ့ အသက်ကိုကယ်ကွယ်နိုင်တာလေးတစ်ခုနဲ့ကြေနပ်ပါတယ်...

ကျွန်တော်လိုဘဲ တခြားလူတွေလဲ တစ်ယောက်ကိုတစ်ယောက်အသိပေးပြီး ကူညီနိုင်ပါစေ...

ပြန်လည်မျှဝေလိုက်ပါသည်

မောင်မောင်မြတ်သူ

Source ကျော် သက် ဝေ"

ကဲ ပရိသတ်ကြီးလည်း မိမိသားသမီးလေးတွေကို ဂိမ်းဆော့တာနဲ့ပတ်သတ်ပြီး တားမြစ်ရမယ်လို့ မဆိုပေမဲ့ အလွန်အကျွန်မဆော့အောင် ဂရုစိုက်ဖို့ အထူးသတိပေးပါရစေ……

Source: Mg Mg Myat Thu (Facebook)

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။