မက်ဆီနဲ့ရော်နယ်ဒိုတို့ကတော့လက်ရှိကမ္ဘာပေါ်မှာအကောင်းဆုံးကစားသမားတွေကိုပရိသတ်တွေရဲ့သတ်မှတ်ခြင်းကိုခံနေရတာပါ။သူတို့နှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်ကောင်းမွန်တဲ့အချက်တွေရှိသလိုခုချိန်ထိသူတို့တွေတစ်ယောက်ကိုတစ်ယောက်မကျော်နိုင်တဲ့အချက်တွေလည်းရှိနေတာပါ။ဒါကြောင့်ယနေ့အချိန်ထိဘယ်သူအကောင်းဆုံးလဲဆိုတာဆုံးဖြတ်ရခက်နေတုန်းပါ။

နှစ်သင်းလုံးကတော့စပိန်ထိပ်သီးကလပ်တွေနဲ့အီတလီထိပ်သီးကလပ်တွေမှာကစားနေတာဖြစ်ပါတယ်။သူတို့ဟာကလပ်အသင်းတွေမှာလည်းအရေးပါတဲ့သွင်းဂိုးတွေသွင်းယူပေးပြီးအောင်မြင်မှုတွေဆွတ်ခူးပေးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နှစ်ယောက်လုံးကလည်းတစ်ခြားကစားသမားတွေအမြဲအားကျနေရတာပဲဖြစ်ပါတယ်။

အမြဲပြိုင်ဆိုင်မှုတွေနဲ့ပြည့်နေတဲ့မက်ဆီနဲ့ဒိုလေးမှာတော့ဒိုလေးကချန်ပီယံလိဒ်မှာမက်ဆီထဲသာလွန်တဲ့စံချိန်တွေရရှိသွားတာပါ။နောက်ဆုံးကစားခဲ့တဲ့ကွာတားဖိုင်နယ်၁၁ပွဲမှာတော့ဒိုလေးက၁၆ဂိုးနဲ့၂ခါဘောလုံးပံ့ပိုးပေးမှုတွေလုပ်ထားပြီးတော့မက်ဆီကတော့ဂိုးမသွင်းနိုင်ပဲတစ်ကြိမ်သာပံ့ပိုးမှုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ပြိုင်ဆိုင်မှုပြင်းထန်တဲ့သူတို့နှစ်ယောက်မှာတော့ဒိုလေးကမက်ဆီထက်ခြေတစ်လှမ်းသာသွားခဲ့ပြီဖြစ်ပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။