မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားဟာရဲယားကတော့ဒီနှစ်နွေရာသီအပြောင်းအရွေ့မှာတော့အသင်းကနေပြောင်းရွေ့ဖို့သတင်းတွေထွက်နေတာပါ။အသင်၂၉နှစ်အရွယ်အဆိုပါစပိန်ကစားသမားဟာမန်ယူအသင်းမှာခြေစွမ်းပြနိုင်တာကြောင့်မန်ယူအသင်းပရိသတ်တွေနဲ့နည်းပြတွေအားကိုးရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ခြေစွမ်းတွေပြနေတဲ့အဆိုပါကစားသမားကတော့မန်ယူအသင်းကိုစွန့်ခွာပြီးပြင်သစ်ထိပ်သီးPSG အသင်းကိုပြောင်းရွေ့ဖွယ်ရှိနေတာပါ။PSG အသင်းကလည်းအဆိုပါကစားသမားကိုခေါ်ယူလိုချင်နေတာဖြစ်တာကြောင့်မန်ယူအသင်းကတော့အသင်းရဲ့အဓိက ကစားသမားကိုဆုံးရှုံးဖွယ်ရှိနေတာပါ။

ဟာရဲယားကိုတော့မန်ယူအသင်းကတစ်ပတ်လုပ်ခပေါင်၁သိန်း၂သောင်းနဲ့ကမ်းလှမ်းထားပေမယ့် psgအသင်းကတစ်ပတ်ပေါင်၂သိန်းနဲ့ကမ်းလှမ်းထားတာဖြစ်ပါတယ်။ဒါကြောင့်အပြောင်းအရွေ့ဟာဖြစ်လာနိုင်ဖို့များနေတာပါ။တစ်ကယ်လို့ဟာရဲယားသာပြောင်းရွေ့ခဲ့ရင်မန်ယူအသင်းအတွက်တော့အဓိကကစားသမားကိုဆုံးရှုံးရတော့မှာအသင်းရဲ့ထိုးနှက်ချက်ပဲဖြစ်လာတော့မှာပါ။

SOURCE:The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။