အိစိကွေးကတော့ ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေအားပေးခဲ့ကြရတဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဆယ်ကျော်သက်အရွှယ်ကောင်လေးတစ်ယောက်အရွှယ်ရောက်ရှိနေပြီး နှုတ်ခမ်းနီမလေးတွေကြားရေ ပန်းစားနေတဲ့ ဆယ်ကျော်သက်အနုပညာရှင်လေးတစ်ဦးပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ အိစိကွေးဟာ ပျော်ရွှင်စရာ မြန်မာ့ နှစ်သစ်ကူး အချိန်သမယလေးဖြစ်ပါစေလို့ ပရိသတ်တွေကို ဆုတောင်းပေးလိုက်ပါတယ်။ အိစိကွေးကတော့ " ပျော်ရွှင်စရာ မြန်မာ့ နှစ်သစ်ကူး အချိန်သမယလေးဖြစ်ပါစေ ခင်ဗျာ ... နှစ်သစ်မှာ စီးပွားလာဘ်လာဘ တိုးပွားပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့ သက်ဆုံးတိုင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေနိင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။  

ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံလေးနဲ့ မြင့်တွေ့ခဲ့ရတဲ့ အိစိကွေးရဲ့ ချစ်စရာပုံရိပ်လေးဟာ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အိစိကွေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို အောက်မှာဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာ ကြည့်ရူနိုင်ပါတယ်။

source: အိစိကွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။