ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အာဆင်နယ်နဲ့ နာပိုလီတို့ မနေ့ကယှဉ်ပြိုင်ရာ အာဆင်နယ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။အာဆင်နယ်အသင်းဟာ အူဘာမီယန်း၊ လာကာဇက်တီ၊ အိုဇေးလ်၊ ရမ်ဆေးတို့နဲ့ လူစုံ ပါဝင်ခဲ့သလို အိမ်ကွင်းမှာ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဧည့်သည် နာပိုလီအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အာဆင်နယ်က ပိုရခဲ့ပါတယ်။အာဆင်နယ်အတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို ပထမပိုင်းမှာပဲ ရသွားခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ ရမ်ဆေးနဲ့ ၂၅ မိနစ်မှာ နာပိုလီနောက်ခံလူ ကူလီဘာလီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကနေ အာဆင်နယ် အနိုင်ဂိုးတွေ ရသွားတာပါ။

အခုပွဲမှာ အာဆင်နယ်အတွက် ခြေစွမ်းပြ အဖွင့်ဂိုးသွင်းပေးခဲ့တဲ့ ကွင်းလယ်လူ ရမ်ဆေးကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ပေးဂိုးမဲ့ နှစ်ဂိုးပြတ်နဲ့ နိုင်တဲ့အတွက် နောက်တဆင့် တက်ဖို့ အခြေအနေကောင်းသွားပြီး ဒီနှစ်သင်းရဲ့ ဒုတိယအကျော့ ပွဲစဉ်ကိုတော့ နာပိုလီကွင်းမှာ ဧပြီ ၁၉ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

source:daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။