UAE နိုင်ငံ ဒူဘိုင်းမြို့ရှိ ရဲကားဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးရဲကားအဖြစ် ဂင်းနစ်စံချိန်တင်သွားပါတယ်။

(မြန်မာနိုင်ငံမှာတေ့ာ မောင်းလို့ရမယ်မထင်ဘူးနော်…ရန်ကုန်ဆိုလမ်းပိတ်၊မန္တလေးဆို ဆိုင်ကယ်တွေနဲ့..နေပြည်တော်ဆိုရင်တော့ အဆင်ပြေမှာပါလေ….) 

လက်ရှိမှာတော့ ဒူဘိုင်းရဲတပ်ဖွဲ့မှာ ဘူဂတ်တီ ဗေရွန်ကားအမျိူးအစားအပါအဝင် အက်စတွန် မာတင် ဝမ်း- 77 ၊ လန်ဘောဂီနီ အဗန်တက်ဒါ နဲ့ ပိုရှေး ပနားမီးရာ S E-Hybrid အမျိုးအစား ယာဉ်အစရှိတဲ့ မြန်နှုန်းမြင့်ယာဉ်(၁၄)စင်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက အမေရိကန်ဒေါ်လာ(၁)သန်းကျော်နဲ့ ဒူဘိုင်းရဲတပ်ဖွဲ့က ဝယ်ယူခဲ့တဲ့ဘူဂတ်တီ ဗေးရွန်ကားအမျိုးအစားဟာ တစ်နာရီကို မိုင်(၂၀၀)ကျော် အမြန်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဒီဘူဂတ်တီ ဗေးရွန်ကားအမျိုးအစား ရဲကားကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု တစ်ရပ်အနေနဲ့ အထင်ကရနေရာတွေမှာ လှည့်လည်မောင်းနှင်သွားမှာပါ။

Source: Channel news asia

AYK  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။