သားငယ် နဲ့ သူ့ဇနီးကတော့ ချစ်တဲ့နေရာမှာ လက်ဖျားခါလောက်ပါပေတယ်။ Myanmar Idol Season 2 ရဲ့ Winner ကို ထိုက်ထိုက်တန်တန်ရရှိသွားသူ သားငယ်ကတော့ ရရှိတဲ့ဆုကြေးငွေတွေ အသုံးပြုခဲ့တဲ့အပေါ် ယခုလိုပြောကြားခဲ့ပါတယ်။

" ထူးထူးခြားခြား သုံးဖြစ်တာဆိုလို့ အခု ကျွန်တော် ရခိုင်ပြန်တယ်။ ကျွန်တော့်မွေးရပ်မြေမှာ မိဘနှစ်ပါးအတွက် အလှူဒါနလုပ် တယ်။ ကျွန်တော်ရယ်၊ ချစ်တဲ့ပရိသတ်တွေနဲ့ အတူတူမျှဝေလို့ရအောင် ကျွန်တော့်မိဘနှစ်ပါးအတွက် ရည်စူးပြီး လိုအပ်တဲ့နေရာတွေ၊ ဆေးရုံတို့၊ စာသင်ကျောင်းတို့မှာ အလှူတွေ တတ်နိုင်သလောက် လုပ်ခဲ့ပြီးပါပြီ။ ကျန်တာကတော့ မလုပ်ဖြစ်သေးပါဘူး။ အိမ်ဝယ်မယ်ဆိုတာလည်း ဝယ်တော့ဝယ်မယ်။ လောလောဆယ်က မလုပ်ဖြစ်သေးဘူး။ "

ဇနီးဖြစ်သူကရော ဆုရထားတဲ့ငွေကြေးအပေါ် ဘယ်လိုသုံးသလဲဆိုတာနဲ့ပတ်သတ်ပြီး သားငယ်မှ

" သူ (ဇနီး)ကတော့ တောင်းဆိုတာ ဘာတစ်ခုမှမရှိပါဘူး။ အရမ်းချစ်နေရရင်ပဲပြီးပါပြီ။ ကျွန်တော့်အတွက်လုံလောက်တယ်။ သူကလည်း အဲဒီလိုပဲ လုံလောက်တင်းတိမ်နေပါပြီ။ နေမယ့်အိမ်ကလေးတစ်လုံးတော့လိုတာပေါ့လေ။ "

ဒါ့အပြင် အနာဂတ်မှာ ဂီတနဲ့ပတ်သတ်ပြီး ဆက်လက်လုပ်ကိုင်ဦးမလားဆိုတာကိုတော့

" ကျွန်တော်ကတော့ တစ်သက်လုံး သီချင်းတွေဆိုနေချင် တယ်။ ဂီတကလူတွေကိုပြောင်းလဲပေးစေနိုင်တယ်။ ဒါက ကျွန်တော့လက်တွေ့ပါ။ အဲဒီတော့ နူးညံ့တဲ့အရာတစ်ခုကို ကျွန်တော့်ကိုချစ်တဲ့သူတွေနဲ့ တစ်သက်လုံးလုပ်သွားချင်တယ်။ အဲဒါကတော့ ကျွန်တော့်အမြင် ကျွန်တော့်ခံယူချက်ပါ။ " လို့ ဖြေကြားခဲ့ပါတယ်။

Source : 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။