စပါးအသင်းဟာ အသင်းသားတွေ ဒဏ်ရာပြဿနာရှိနေတာကြောင့် ဟက်ဒါဖီးလ်နဲ့ ပွဲစဉ်မတိုင်မီ ပွဲထွက် ကစားခွင့်နဲ့လွဲချော်မယ့် အဓိကကစားသမား ၅ ဦးထိ ရှိနေ တယ်လို့ နည်းပြပိုချက်တီနိုကပြောပါတယ်။အဲ့ဒီကစားသမားတွေထဲမှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်မှာ ဒဏ်ရာပြန်ရသွားတဲ့  တိုက်စ်စစ်မှူး ဟယ်ရီကိန်းလည်း ပါဝင်နေပါတယ်။

ဟယ်ရီကိန်းက ခြေချင်းဝတ်၊ ဒိုင်ယာက တင်ပါးစုံ၊အော်ရီယာနဲ့ လာမယ်လာတို့က ဒူးကောက်ကြောနဲ့ ဗင်းဆင့်ဂျန်ဆန်က ခြေချင်းဝတ်ဒဏ်ရာအသီးသီး ရထားတာကြောင့် ဟက်ဒါဖီးလ်နဲ့ပွဲမှာ ကျိန်းသေပေါက်လွဲချော်မှာဖြစ်ပါတယ်။နောက်ထပ်ကစားသမားဖြစ်တဲ့ ဒယ်လီအလီကိုတော့ ရွေးချယ်သင့်မသင့်စဉ်းစားသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

စပါးအသင်းဟာအဆင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက အာဆင်နယ်နဲ့ တမှတ်သာ ကွာဟပါတယ်။အဆင့် ၃ နေရာထိတက်လာခဲ့တဲ့ ချဲလ်ဆီးကတော့ စပါး၊ အာဆင်နယ်တို့ထက် တပွဲပို ကစားထားတာကြောင့် အဲဒီနှစ်သင်းအနေနဲ့ အဆင့် ၃ နေရာနဲ့မှာ ရာသီကုန်ထိရပ်တည်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေ တာဖြစ်ပါတယ်။

source:the sum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။