သရုုပ်ဆောင်ရွှေမှုံရတီ ဘန်ကောက်မှာ ဆေးရုံတက်နေရ

သရုပ်ဆောင် ရွှေမှုံရတီက ယခုလက်ရှိ ဘန်ကောက် Bumrumgrad International ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

ယခုလက်ရှိ ဒါရိုက်တာရာဇဝင်ကိုရိုက်ကူးနေတဲ့ ငါ့အကယ်ဒမီ ဇာတ်ကားကြီးရိုက်ကူးရင်းအောက်တိုဘာလ၄ရက်ညနေပိုင်းမှာ ဘန်ကောက်မြို့သို့သွားရောက်ဆေးကုသဖြစ်တဲ့အကြောင်းကိုညီမဖြစ်သူငွေမှုံရတီက"သူအခုုလိုဖြစ်တာတော့ကြာပြီ အန်တာ အစာအိမ်ကြောင့်လို့တော့ထင်တယ်။ ဆေးစစ်ချက်အတိအကျတော့မသိရသေးပါဘူး။ မေမေနဲ့ အမရွှေမှုံမနေ့ညကပဲ ရှုတင်ကိုခွင့်ယူပြီးချက်ချင်းသွားတာပါ"လို့ပြောပြခဲ့ပါတယ်။

Photo ငွေမှုံရတီFacebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။