ယောကျာ်းလေးသူငယ်ချင်းတွေဟာ မိန်းကလေးတွေအတွက် အကောင်းဆုံးဖြစ်နေတတ်တဲ့အပြင် ပိုပြီး ပေါင်းသင်းဆက်ဆံရတာ လွယ်ကူပါတယ်။ မိန်းကလေးတွေအတွက်တော့ အကောင်းဆုံးယောကျာ်းလေး သူငယ်ချင်းရှိနေတာ ဘုရားက ပေးတဲ့ ဆုလာဘ် တစ်ခုပါပဲ။ ဒီအကြောင်းကို သင့်မှာ အကောင်းဆုံး ယောကျာ်းလေး သူငယ်ချင်း ရှိနေတယ်ဆိုရင် သင်ကောင်းကောင်းကြီးနားလည်မှာပါ။

၁-သင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး အမှန်အတိုင်းပြောပြတတ်တာ

သင့်ရဲ့ အကောင်းဆုံးယောကျ်ားလေးသူငယ်ချင်းက သင့်နဲ့ ပတ်သက်ပြီး အမှန်အတိုင်း တစ်ခုမကျန်ပြောမယ့်သူပါ ။သင်ဝလာတာ ပိန်လာတာကအစ ဆံပင်ပုံံစံ အဝတ်အစားဝတ်တာတွေ အဆုံး ဟိုဟာမလိုက်ဘူး ဒီဟာပဲဝတ်ဆိုပြီး သင့်ကို ဆရာလုပ်နေကျသူဆိုလည်း မမှားပါဘူး။ဒါပေမယ့် သေချာတာတစ်ခုက သင့်ကိုကောင်းစေချင်တဲ့စိတ်နဲ့ မလိမ်ညာမကွယ်ဝှက်ဘဲပြောမှာဆိုတာပါပဲ။

၂-Relationship အတွက် အကြံပေး

သင့်ရဲ့ အတွက် ယောကျာ်းလေးသူငယ်ချင်းလောက် အကြံပေးနိုင်မယ့် သူငယ်ချင်းရှိမှာကို မဟုတ်ပါဘူး။ သူ့အနေနဲ့ သင့်ရဲ့ အချစ်ရေးကို ကူညီပေးနိုင်သလို ယောကျာ်းလေးဖြစ်တဲ့အတွက် သင်နဲ့ ဘယ်လို ယောကျာ်းလေးမျိုးက သင့်တော်သလဲ။ သင့်လက်ရှိချစ်သူကရော သင့်အပေါ် တကယ်ကောင်းမွန်လားဆိုတာ အကဲဖြတ်ပေးနိုင်ပါတယ်။ဒါ့အပြင် သင်က FAလေးတစ်ယောက်ဆိုရင် သူ့ရဲ့အခြားသူငယ်ချင်းကောင်လေးတွေနဲ့မိတ်ဆက်ခိုင်းလို့လည်း ရပါသေးတယ်။

၃-သင့်အတွက် တိုးတိုးဖော်

သူကသင်ဘာပြောပြော ကောင်းကောင်းမွန်မွန်နဲ့ နားထောင်ပေးမယ့်အပြင် သင့်မှာ ရှိသမျှ ပြဿနာတွေအကုန် တိုင်ပင်လို့လည်း ရပါသေးတယ်။ သင့်အနေနဲ့ မိသားစုပြဿနာတွေ ၊အချစ်ရေး ပြဿနာတွေ တခြား မိန်းကလေး သူငယ်ချင်းတွေကို မပြောချင်ရင် သူ့ကိုသာသွားပြော ဘယ်သူ့ကိုမှ ပြန်ပြီး ဖောက်သည်ချမှာ မဟုတ်ပါဘူး။

၄-ဂျီကျစရာ အစ်ကိုလို လူတစ်ယောက်

သင့်မှာ အစ်ကို မရှိလို့ ဆိုးနွဲ့ရမယ့်သူ ဂျီကျရမယ့်သူမရှိဘူးရှိရင်လည်း အကျင့်နည်းနည်းလေးပုတ်ပြီး ဂျီကျလိုက်ပါ ညကြီး သန်းခေါင် ရေခဲမုန့်စားချင်တယ်တို့ မုန့်သွားစားရင်း ပိုက်ဆံမပါလို့ ခုချက်ချင်းလာရှင်းပေးပါတို့ပြောကြည့် သင့်အစ်ကိုတောင် လာချင်မှ လာမယ် သင့်အချစ်ဆုံးသူငယ်ချင်း ဟီးရိုးကြီးက ချက်ချင်းကို ရောက်လာမှာ အသေအချာပါပဲ။

၅-အချို့ မိန်းကလေးသူငယ်ချင်းတွေလို မနာလိုစိတ်မရှိတာ

သင့်အနေနဲ့ သူ့ကိုမိန်းကလေးသူငယ်ချင်းတွေထက်ပိုယုံကြည်လို့ရသလို သင့်အကောင်းဆုံး သူငယ်ချင်းကယောကျာ်းလေးဖြစ်နေတဲ့အတွက် မိန်းကလေးတွေလို စောင်းတာမြောင်းတာ မနာလိုတာတွေလည်း ရှိမှာ မဟုတ်ပါဘူး။သင်တို့ကြားထဲမှာ နောက်ဆုံးပေါ်မိတ်ကပ်တွေအဝတ်အစားတွေအကြောင်း ငြင်းခုန်စရာမလိုသလို မိန်းကလေးသူငယ်ချင်းတွေလို ဒရာမာတွေလည်း ခင်းနေမှာ မဟုတ်တာ အသေအချာပါပဲ။

၆-ဟာသဉာဏ်ရွှင်တာ

လူတိုင်းက ဟာသဉာဏ်ရွှင်တဲ့သူဆို သဘောကျကြတယ်လေ။ သူဟာ ပျော်ပျော်နေတတ်ပြီး သူ့ရဲ့ ဟာသဉာဏ်တွေကြောင့် သင်လည်း စိတ်ချမ်းသာရမှာ အမှန်ပါပဲ ။သင့်သူငယ်ချင်းရဲ့ ဟာသဉာဏ်ရွှင်မှုတွေ၊ သူ့ရဲ့ ဟာသတွေက သင်တို့နှစ်ယောက်ရဲ့ ရင်းနှီးမှုတွေကို ပိုစေတဲ့အရာတွေလို့လည်း ဆိုနိုင်ပါတယ်။

၇-မိန်းကလေးသူငယ်ချင်းဆိုလည်းဟုတ်တဲ့သူ

သူကသင့်အတွက် တစ်ခါတလေမှာ မိန်းကလေးသူငယ်ချင်းလိုလည်း တိုင်ပင်လို့ရနိုင်သူပါ။သင်သွားချင်တာ၊စားချင်တာတွေရှိရင် သူနဲ့အတူသွားလို့ ရသလိုသင်အစားစားတဲ့အခါသင်ဒိတ်နေကျကောင်လေးတွေရှေ့မှာလို ပဲများပြီးစားဖို့ စိတ်ညစ်ခံစရာမလိုပါဘူး။နောက်ပြီး ရှော့ပင်းထွက်တဲ့အခါ အကြံပေးအနေနဲ့ခေါ်လို့ရပါသေးတယ်။ယောကျာ်းလေးအမြင်နဲ့ မိန်းကလေးအမြင်ကမတူဘူးလေ ဟုတ်တယ်ဟုတ်..

၈-ခဏခဏ ရန်ဖြစ်ရတာ ခဏခဏ ငြင်းခုန်ရတာ

တစ်ခါတစ်ခါ ဘယ်လိုဆက်ဆံရေးဖြစ်ဖြစ် ချောမွေ့နေတာတော့မရှိပါဘူး။ သင်တို့နှစ်ယောက်ရဲ့ ကြားထဲမှာလည်း ရန်ဖြစ်တာတွေ စကားများတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရန်ဖြစ်ပြီးတဲ့အခါ သင်တို့နှစ်ယောက်ကြားမှာ တစ်ယောက်မကြိုက်တာတွေ တစ်ယောက်သိလာနိုင်သလို သင့်အတွက် သူဟာ မရှိမဖြစ် သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ နားလည်လာမှာဖြစ်ပါတယ်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။