The weekendနဲ့ လျှောက်သွားနေတဲ့ပုံတွေ လူမှုကွန်ယက်မှာ ပျံ့လာအပြီး ဒီတစ်ခါတော့ မိသားစုကိုအချိန်ပေးပြီး အပြင်ထွက်လည်တဲ့ Selena

Selena Gomez ဟာ သူမရဲ့အချိန်အတော်များများကို ရည်းစားသစ် The Weeknd နဲ့ကုန်ဆုံးစေခဲ့ပါတယ်။ ဒါပေမယ့် ဒီတနင်္ဂနွေနေ့မှာတော့ မိသားစုအတွက် အချိန်ပေးလိုက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ Anaheim ရှိ Disneyland ကို ပျော်ပျော််ပါးပါးသွားရောက်ခဲ့ပါတယ်။အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ သူမကို အမေဖြစ်သူ Mandy Teefey၊ ပထွေးတော်စပ်သူ Brian နဲ့ ၃ နှစ်အရွယ် ညီမငယ် Gracie Elliot တို့နဲ့အတူ မြင်တွေ့ရပါတယ်။Disney ရဲ့စတားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ သူမကို ပေါ့ပေါးပါးပါး အားကစားဝတ်စုံလေးနဲ့ ကြည့်မဝအောင် လှနေ တာကို တွေ့ရပါတယ်။ Mandy က Selena အနားယူတာနဲ့ပတ်သက်ပြီး Entertainment Tonight အစီအစဉ်မှာ ဖြေခဲ့ဖူးပါတယ်။

“ကျမထင်တာက အားလုံးကိုမေ့ထားပြီး ခဏအနားယူနေတာပါ” လို့ အမေဖြစ်သူက ပြီးခဲ့တဲ့ နွေရာသီ ၃ လ လုံး Selena အနုပညာလောကနှင့်အဆက်ပြတ်နေတာနဲ့ပတ်သက်ပြီး ပြောပါတယ်။ Selena ရဲ့အနားယူနေတာနဲ့ပတ်သက်ပြီး အရင်မန်နေဂျာဟောင်းကလည်း သူမ တကယ့်လက်တွေ့ဘဝကြီး နဲ့ ဒီအောင်မြင်တဲ့ အနုပညာဘဝအကြား ပြန်လည်ဆက်သွယ်နိုင်ဖို့ ဖိအားတွေဆီက ခဏထွက်ခွာ အနားယူ နေတာပါလို့ဆိုပါတယ်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။