မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိူက်တက်က ဝက်စ်ဟမ်းအသင်းကို  ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။မန်ယူအတွက် အနိုင်ဂိုးတွေကို ကွင်းလယ်ကစားသမား ပေါ့ဘာ တယောက်တည်းက ပင်နယ်တီတွေကနေတဆင့် သွင်းယူခဲ့တာပါ။


ယူနိုက်တက်ကလည်း အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အကြိတ်အနယ် ကစားပြီး ပေါ့ပ်ဘာရဲ့ ပင်နယ်တီဂိုးတွေနဲ့ နိုင်ပါတယ်။ ဝက်စ်ဟမ်းရဲ့ ကစားပုံကြောင့် ယူနိုက်တက် အခက်တွေ့ခဲ့ရသလို ရတဲ့ အခွင့်အရေးတွေ အသုံးမချနိုင်တာလည်း အိမ်ရှင်အသင်း ကံကောင်းခဲ့တာပါ။

ယူနိုက်တက်က ချန်ပီယံလိဂ်ရှိလို့ ကစားသမား အပြောင်းအလဲ လုပ်ခဲ့ပြီး ပွဲကို အနိုင်ရဖို့ ကစားခဲ့ပါတယ်။ တစ်ပွဲလုံး ကစားပုံကောင်းနေတဲ့ ဇာဘယ်လက်တာကို လူလဲပြီးနောက်ပိုင်း ယူနိုက်တက် အနိုင်ဂိုး ရခဲ့တာပါ။ ယူနိုက်တက်အတွက် ပေါ့ပ်ဘာက ၁၉နဲ့ ၈၀မိနစ်တွေမှာ ပင်နယ်တီကနေ ၂ဂိုးသွင်းခဲ့ပြီး ဝက်စ်ဟမ်းအတွက် အန်ဒါဆင်က ၄၉ မိနစ်မှာ တစ်ဂိုးသွင်းလို့ ၂-၁ဂိုးနဲ့ ပွဲပြီးခဲ့တာ ဖြစ်ပါတယ်။

source: machaster united


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။