ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးကတော့ ပထမအကျော့တုန်းက ရှုံးထားတဲ့ ပဲလေ့စ်ကို ၃-၁ဂိုးနဲ့ နိုင်ပါတယ်။ မန်စီးတီးက စိတ်ကြိုက် အသာစီးနဲ့ ကစားခဲ့ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် ခြေစွမ်းပြနေတဲ့ စတာလင်းက ဂိုးတွေ သွင်းပေးခဲ့တာပါ။ မန်စီးတီးဟာ အဲ့ဒီ ၂ဂိုးတည်းနဲ့ ပွဲကို ဦးဆောင်နေရင်းက ၈၁မိနစ်မှာ အိမ်ရှင်အသင်းက ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။

အသင်းခေါင်းဆောင် မီလိုဗိုယေဗစ်က ဖရီးကစ်ကနေ သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂိုးထပ်မပေးရအောင် ထိန်းကစားနေရင်း ဒီဘရိုင်းနားလ် ပေးတာကနေ အဂွဲရိုးအစား လူစားဝင်လာတဲ့ ဂျေဆုက မိနစ် ၉၀ အပြည့်မှာ သွင်းယူခဲ့လို့ အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ အနိုင်ရတဲ့ မန်စီးတီးဟာ အဆင့် ၁နေရာကို ပြန်တက်လာခဲ့ပါတယ်။ 

အဆိုပါနိုင်ပွဲကြောင့် လီဗာပူးအနေနဲ့ ချဲလ်စီးကို အနိုင်ကစားဖို့လိုအပ်လာခဲ့ပါတယ်။ လီဗာပူးနဲ ချဲလ်စီးတို့ရဲ့ မကြာခင် ကစားတော့မယ့် ထိပ်သီးနှစ်သင်းရဲ့ ပွဲမှာတော့ အဓိက ကစားသမားတွေ လူစုံပါဝင်မှာ ဖြစ်ပါတယ်။

source:daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။