ချစ်ပရိတ်သတ်ကြီးရေ.... အမိုက်စား သီချင်းတွေကို အသံခိုင်ခိုင်လေးနဲ့ ပရိတ်သတ်တွေရင်ထဲထိပြီး ပါးစပ်ဖျားမှာစွဲအောင်သီဆိုတတ်တဲ့အဆိုတော်မလေးချစ်ကောင်းကို ပရိတ်သတ်တွေသိပြီးသားပါနော်။ သူမဟာ မြန်မာနိုင်ငံမှာ လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

သူမဟာ အမိုက်စားအသံချိုချိုလေးတွေအပြင် ခပ်မိုက်မိုက် ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ တစ်သွေးတစ်မွေးနဲ့လှနေတဲ့အလှတွေကိုပိုင်ဆိုင်ထားသူလေးပါ။ တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့အဆိုတော်ကြီးချစ်ကောင်းဂဲ့ ချစ်လှစွာသောသမီးလေးလည်းဖြစ်သလို ဖခင်ခြေရာကိုတစ်ထပ်တည်း လိုက်နင်းနိုင်တဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူမဟာ ဒီနှစ်သြင်္ကန်မတိုင်ခင်ကတည်းက ဖျော်ဖြေရေးတွေအရမ်းကိုဆက်နေပြီးတော့ ခရီးတွေထွက်ပြီးဆက်တိုက်showတွေဆိုနေခဲ့တာကိုတွေ့ရပါတယ်။ ဒီသြင်္ကန်မှာလည်းသူမဟာ မဏ္ဍပ်တွေဆက်ပြီးလိုက်ဖျော်ဖြေနေတာကိုတွေ့ရပြန်ပါတယ်။သူမဟာ ဒီနေ့ အကျနေ့မှာဆိုရင်လည်း MNTVမဏ္ဍပ်အပြင် အင်းယားလမ်းလျောက်သြင်္ကန်မဏ္ဍပ်ကိုလည်းသွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ကဲ... စင်မြင့်ထက်မှာ အားကြိုးမာန်တက်နဲ့ဖျော်ဖြေခဲ့တဲ့အိမ့်ချစ်ရဲ့ပုံရိပ်လေးတွေကိုချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။