ပရိသတ်တွေ ချစ်မြတ်နိုးရတဲ့ အနုပညာရှင် စုံတွဲ အိမ်ထောင်ရှင်တွေထဲက အပါအဝင်ဖြစ်တဲ့ အကယ်ဒမီ မင်းသားချော ပြေတီဦး နဲ့ အကယ်ဒမီ မင်းသားချော အိန္ဒြကျော်ဇင် တို့ နေနဲ့ လ ရွှေနဲ့ မြလို လိုက်ဖက်ညီလွန်းလှပြီး သူတို့ အိမ်ထောင်ရေးလေးဟာလည်း သာသားမီးမီးလေးတွေ ရရှိတဲ့ အထိ ပျော်ရွှင်စရာကောင်းလွန်းလှပါတယ်။ ယနေ့တိုင် အနုပညာလောကမှာ အကယ်ဒမီထိပ်တန်းဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ချပြနိုငအောင် အကောင်းဆုံးကြိုးစားနေတဲ့ သရုပ်ဆောင်ကောင်းတွေ ဖြစ်ပြီး သူတို့ နှစ်ဦးပါဝင်ထားတဲ့ "ရင်ဘတ်ထဲက ဓား" ဇာတ်ကားကြီးဟာလည်း အိမ်ထောင်ရေးတိုင်းကို ပညာပေးကောင်းခဲ့တဲ့အတွက် လူကြိုက်များခဲ့သလို ကြည့်ရှူသူ ပရိသတ်ရဲ့ ရင်ထဲကို ထိရှစေခဲ့ပါတယ်။

အူဝဲလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ ယနေ့ချိန်ထိအောင်မြင်မှုတွေနဲ့ထိပ်တန်းမင်းသမီးလေးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်သက်တမ်းဟာလည်း ဆယ်စုနှစ် နှစ်စုတိုင်အောင်ရှိနေပြီး ယနေ့ခေတ်မင်းသားတွေနဲ့အပြိုင်သရုပ်ဆောင်နိုင်သေးတာဟာလည်း သူမရဲ့ထူးခြားလွန်းတဲ့အချက်ပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ အူဝဲဟာပရိသတ်တွေအတွက် သင်္ကြန်တွင်းမှာပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။သူမကတော့" ချစ်သော ပရိသတ်အပေါင်း သင်္ကြန်ကာလအတွင်း စိတ်အေးချမ်းသာစွာပျော်နိုင်ကြပါစေ.....

ခုနှစ်ရက်သားသမီးအပေါင်း ဘေးအန္တာရယ်ကင်းရှင်းနိုင်ကြပါစေ......

ကဲ.... အားလုံးကို ရေပက်လိုက်ပြီနော်..ဗွမ်း...(ဒီပုံလေးတွေကသွားရင်းလာရင်းကြုံသလိုရိုက်ထားပြီး မတင်ဖြစ်သောပုံလေးများထဲမှ ပြန်ရှာတင်သည်"ဆိုပြီးရေးသားထားပါတယ်။

source:အူဝဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။