ပရဟိတမင်းသမီးချောလေးဖြစ်တဲ့ ခိုင်နှင်းဝေက ရုပ်ရှင်လောကမှာအောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်သလို လက်ရှိအချိန်ထိပရိသတ်တွေရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ ပရဟဟိတအကျိုးကို သယ်ပိုးရင်း လူမှုအကျိုးပြုလုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေရဲ့ လုပ်ဆောင်ချက်တွေကတော့ လေးစားအတုယူဖွယ်ကောင်းလှပါတယ်။

ယခုရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေနဲ့ အနည်းငယ်အလှမ်းဝေးလျက်ရှိတဲ့ ခိုင်နှင်းဝေက ချစ်စရာကောင်းတဲ့ ပရိသတ်တွေနဲ့ အတူ သင်္ကြန်မှာ အတူတူ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ လက်ရှိမှာဆိုရင် သင်္ကြန်အကျနေ့ကို ရောက်ရှိလာပြီဖြစ်ပြီး ပရိသတ်အချစ်တော်အနုပညာရှင်တွေနဲ့ အတူ သင်္ကြန်မှာ ပျော်ရွှင်စွာ ရေကစားရင် နှစ်သစ်ကူးအချိန်လေးကို ဖြတ်သန်းနေကြတာကို လည်းမြင်တွေ့ရမှာပါ။

ယနေ့ သင်္ကြန်အတက်နေ့လေးမှာ အရမ်းကိုလှနေတဲ့ မမခိုင်နှင်းဝေက ပရိသတ်တွေအတွက် စင်မြင့်ထက်မှာ ပျော်ရွှင်စွာနဲ့ သီချင်းတွေသီဆိုဖျော်ဖြေရင်း သင်္ကြန်အကျနေ့လေးကို ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ လူငယ်ဒီဇိုင်းလေးနဲ့ စင်မြင့်ထက်မှာ ဖျော်ဖြေရင်း အခြား အနုပညာရှင်တွေနဲ့ အတူ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးလိုက်ပါတယ်။

Source:Khin Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။