ဂီတလောကမှာ ယခင်အချိန်ကတည်းက နာမည်ကြီးရေပန်းစားခဲ့တဲ အဆိုတော်တစ်ဦးဖြစ်တဲ့ မိုးမိုးက အမိုက်စား သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့တဲ့ အပြင် ယနေ့အချိန်ထိပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲကျန်ရစ်နေစေမယ့် သီချင်းလေးတွေကို အကောင်းဆုံးဖန်တီးခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါယတ်။ နောက်ပိုင်းမှာတော့ အနုပညာအလုပ်နဲ့အလှမ်းဝေးခဲ့တဲ့ မိုးမိုးက တစ်ခါတစ်ရံမှသာ နယ်တွေမှာ သွားရောက်ဖျော်ဖြေပေးလျက်ရှိတာကို မြင်တွေ့ရမှာပါ။

ပွင့်ပွင့်လင်းလင်းနဲ့ အရှိကို အရှိတိုင်းပြောတတ်တဲ့ မိုးမိုးက ယခုလို သင်္ကြန်အချိန်အခါလေးမှာ ပရိသတ်တွေနဲ့ အတူ စင်မြင့်ထက်မှာ ဖျော်ဖြေနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ ဂီတလောကကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်အနေနဲ့ အရည်အချင်းရှိတဲ့ ဂီတအနုပညာရှင် စစ်စစ်တွေကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိုးမိုးရဲ့ ဝေဖန်ချက်တွေကို မြင်တွေ့ရမှာပါ။

The Future Band လိုခေါ်တဲ့ ယဉ်ကျေးမှုတက္ကသိုလ်က ပထမနှစ်ကျောင်းသူ ကျောင်းသားတွေရဲ့ အကောင်းဆုံး ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည်ဝေမျှပြီး အရည်အချင်းမရှိပဲ Onlineပေါ်မှာ နာမည်ကြီးပြီး သီချင်းတက်ဆိုနေတဲ့ သူတွေကို ဝေဖန်လိုက်တဲ့ စာကိုလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ခဲ့ပါတယ်။ အောက်ပိုင်းမသန်တဲ့ အဆိုတော်မလေးရဲ့ မှင်သက်လောက်စရာဖျော်ဖြေတင်ဆက်သွားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

Source:Moe Si Thu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။