ရှင်ယွန်းမြတ် ကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအမြဲဖမ်းစားလေ့ရှိတဲ့ ရှင်ယွန်းမြတ်ကိုတော့ပရိသတ်တွေသိရှိပြီးဖြစ်မယ်ထင်ပါတယ်။ချစ်စရာအပြုံးပိုင်ရှင်လေးဖြစ်သလို အမြဲစမက်ကျကျဖက်ရှင်လေးတွေနဲ့ ပရိသတ်တွေအသည်းကို ခြွေချတက်သူလေးမို့ ပရိသတ်တွေသတိထားမိလာသူလေးလဲဖြစ်ပါတယ်။

သူမကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ကနေ စတင်ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ကြိုးစားမှုတွေကြောင့် သရုပ်ဆောင်အလုပ်တွေနဲ့ ဇာတ်ကားတွေမှာပါပါဝင်သရုပ်ဆောင်လာတာကိုတွေ့ မြင်ရပါတယ်။ပရိသတ်ဝန်းရံမှုနဲ့အားပေးမှုတွေလည်းများစွာ ရှိနေတာကိုတွေ့မြင်ရပါတယ်။

ယေနေ့မှာတော့ ရှင်ယွန်းမြတ်တစ်ယောက် သင်္ကြန်မှာ ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်တွေကို သီချင်းတွေနဲ့အားပါးတရဖျော်ဖြေနေခဲ့ပါတယ်။ သူမကတော့ " သိပ်ချစ်ဖို့ကောင်းတယ် ပခုက္ကူ"ဟိုတယ်ရိုးမ ပခုက္ကူ မဏ္ဍပ်" အကြိုနေ့က ပုံလေးတွေ နောက်နေ့ တင်မယ်နော်နားက နားကပ် ဘယ်အချိန် ပြုတ်ကျသွားမှန်းကိုမသိတာ "ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရှင်ယွန်းမြတ်ရဲ့ ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source:ရှင်ယွန်းမြတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။