သရုပ်ဆောင် ကျော်ကျော်၊ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ကတော့ ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ အခုလို သင်္ကြန်အခါသမမှာတော့ သူတို့သုံးယောက်က ''Channel K'' မဏ္ဍပ်မှာ ပရိသတ်တွေကို ပါဝင်ဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတဲ့ သူတို့သုံးယောက်ကိုတော့ ပရိသတ်တွေက ဝန်းရံအားပေးနေကြတာ တွေ့ရပါတယ်။

မြကျွန်းသာ ''Channel K'' မဏ္ဍပ်မှာ သင်္ကြန်လေးရက်လုံးကို ဖြတ်သန်းနေကြတဲ့ ကျော်ကျော်တို့အနုပညာရှင်တစ်စုကတော့ ဇာတ်လမ်းတွဲလေးတစ်ခုလည်း ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျော်ကျော်က ''ဇတ်လမ်းတွဲလည်းရိုက်ရင်း သီချင်းလည်းဆိုရင်း ရေလည်းပက်ရင်း '' ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ကျော်က ဟိန်းဝေယံ၊ စိုးပြည့်တို့နဲ့ပေါင်းပြီး ဟာသဗီဒီယိုလေးတစ်ခုကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။

ကျော်ကျော်က ''သီချင်းမဆိုခင် ဒို့တွေ အရင်ကဲပီလေ လိုက လိုက လိုက လိုက '' ဆိုပြီး သူတို့သုံးယောက်ရဲ့အခွီဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ကကွက်ဆန်းလေးတွေကို ရုပ်ပြောင်လေးတွေနဲ့ ကပြထားတဲ့ သူတို့သုံးယောက်ရဲ့ ဗီဒီယိုလေးကိုတော့ ပရိသတ်တွေက သဘောကျနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်၊ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ရဲ့ အခွီဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Naing Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။