သရုပ်ဆောင် မင်းသမီး ချောရတနာကတော့ အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ သူမကို ဆက်လက်အားပေးပြီး ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ချောရတနာက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ်။

အခုလို သင်္ကြန်တွင်းကာလမှာတော့ အနုပညာရှင်အချို့က မဏ္ဍပ်ထိုင်ကြသလို အချို့ကလည်း ခရီးတွေထွက်လေ့ရှိတာ ဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်မှာတော့ ချောရတနာရဲ့ ခင်ပွန်းက ခရီးထွက်နေတာကြောင့် သူမက သူငယ်ချင်းတွေနဲ့သာ သင်္ကြန်ရက်လေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ချောရတနာက ခင်လေးနွယ်၊ သုသုတို့နဲ့အတူ လမ်းလျှောက်သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

အခုလည်း ချောရတနာက '' ခရီးသွားနေတဲ့ ယောက်ျား က အိမ်မှာနေခဲ့ရတဲ့ကိုယ့်ကိုပျင်းနေမှာပဲဆိုပြီး စိတ်မကောင်းဖြစ်မှာဆိုးလို့ ဒီနေ့မကဲချင်ပဲ သွားကဲလိုက်တယ် ''ဆိုပြီး သင်္ကြန်ပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လည်နေကြတဲ့ ချောရတနာတို့အဖွဲ့ရဲ့ပုံလေးတွေကတော့ ပရိသတ်တွေကိုတောင် အပျော်တွေကူးစက်စေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီး ချောရတနာရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chaw Yadanar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။