ပရိသတ်ကြီးရေ မိုးယုစံလို့ ပြောလိုက်တာနဲ့ ရိုးရှင်းတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးကို မြင်မိကြမှာပါ။မိုးယုက အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး ပရိသတ်ရဲ့ အားပေးချစ်ခင်ခြင်းတွေကိုရရှိခဲ့ပါတယ်။မိုးယုရဲ့ အနုပညာသက်တမ်းဟာကြာမြင့်နေပြီဖြစ်လို့ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း အများအပြားကိုရှိနေပါပြီနော်။

မိုးယုက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပေမယ့် သူမကိုချစ်တဲ့ပရိသတ်ကြီးကတော့ ယနေ့ထိတိုင် အချစ်မပေါ့သွားဘဲ အားပေးနေကြတုန်းပဲဖြစ်ပါတယ်။မိုးယုစံက မိသားစုလေးရှိလာပြီဖြစ်လို့ မိသားစုအတွက်လည်း အချိန်ပေး ရင်း အလုပ်တွေကိုတော့ တတ်နိုင်သလောက်သာလုပ်ဆောင်နေပါတယ်။မိုးယုရဲ့ လက်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ဖိတ်ကြားလာတဲ့ ပွဲအခမ်းအနားတွေကိုတက်ရောက်ပြီး ကြော်ငြာလေးတွေလည်း ရိုက်ကူးနေပါတယ်။

မိုးယုရဲ့ သင်္ကြန်ဖက်ရှင်တွေကတော့ အကြိုနေ့ကနေ အကြတ်နေ့ထိ တစ်နေ့တစ်မျိုးမရိုးရတဲ့ ဒီဇိုင်းလန်းလန်းလေးတွေနဲ့ အရမ်းကိုလှနေပါတယ်နော်။သင်္ကြန်မှာ မိသားစုလိုက်မဏ္ဌပ်ထိုင်ကြပြီး သားလေးကိုလည်း ခေါ်လာခဲ့ ကြပါတယ်။အကြိုနေ့ကတည်းက အပျိုရှုံးလောက်အောင် လှလွန်းတဲ့ သူမကို ပရိသတ်တွေက အံ့သြခဲ့ရပါတယ်။ယခု သင်္ကြန်အကြတ်နေ့လေးမှာ ချစ်ဇနီးလေးဘေးကနေမခွာဘဲ အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်နေတဲ့ မိုးယုစံနဲ့သူမခင်ပွန်းတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုမှဝေလိုက်ပါရစေနော်။

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။