ပရိသတ်ကြီးရေ အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာလောကထဲမှာ လျှောက်လှမ်းနေတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ခိုင်စင်းကြည်က ဟိုးအရင်ကတည်းက ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့တဲ့ မင်းသမီးချောလေးပါ။ခိုင်သင်းကြည်က မြန်မာဆန်တဲ့ရုပ်ရည်နဲ့အသားအရည်ကိုပိုင်ဆိုင်ထားသူဖြစ်လို့ သူမရဲ့အလှက ယဉ်ယဉ်လေးနဲ့ အေးချမ်းတဲ့အလှလေးပါ။

ခိုင်သင်းကြည်ရဲ့ မိသားစုလေးကလည်း မေတ္တာတွေ နားလည်မှုတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ သာယာချမ်းမြေ့တဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့သမီးလေးစံထိပ်ထားဦးကလည်း မေမေ့ရဲ့အနုပညာသွေးတွေပါတဲ့သူတစ်ယာက်ဖြစ်လို့ ထိပ်ထားလေးကလည်း ကြော်ငြာတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။ထိပ်ထားလေးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုအားပေးကြပါတယ်။

ခိုင်သင်းကြည်တို့မိသားစု၃ယောက်က တစ်ယောက်ကိုတစ်ယောက်အမြဲတမ်းပျော်ရွှင်စရာတွေဖန်တီးပေးနေတာဖြစ်လို့ ပရိသတ်တွေကတော့ သူတို့မိသားစုလေးကိုအားကျရပါတယ်။အခုဆိုရင်လည်း ခိုင်သင်းကြည်တို့မိသားစုက မြန်မာ့နှစ်ကူးမှာ သင်္ကြန်ပွဲတော်ကိုမဆင်နွှဲဘဲ စိတ်အပန်းဖြေတဲ့အနေနဲ့ မိသားစုလိုက် ခရီးထွက်နေကြပါတယ်။ခိုင်သင်းကြည်ကတော့ ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်ပေမယ့် အရမ်းလှပြီးလန်းနေချက်ကတော့ လူငယ်တွေရှုံးလောက်ပါတယ်နော်။အခုဆိုရင်တော့ ပရိသတ်ကြီးအတွက် ခိုင်သင်းကြည်ရဲ့အလွင့်ဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။