သူမဟာ အရပ်အမောင်းအရ ပြောစရာမရှိအောင် international height မှီပါတယ် ။

သူမဟာ ရုပ်ရည်ရူပကာအရလဲ ပြောစရာမရှိအောင် ချောမောလှပပါတယ် ။

အဲဒီ အချိန်အခါက နာမည်လဲရနေပြီဖြစ်တဲ့ မော်ဒယ်တစ်ဦးလဲဖြစ်နေခဲ့ပါပြီ ။

ဆင်းသက်လာတဲ့ မျိုးရိုးကလဲ အနုပညာရှင်မျိုးရိုးကပါ ...

ဒီလိုမိန်းကလေးတစ်ဦးဟာ အဲဒီခေတ်အခါက ခေတ်စားခဲ့တဲ့ နိုင်ငံတကာကစင်မြင့်တွေပေါ်

Miss တစ်ယောက်အဖြစ်လျှောက်လှမ်းခွင့်ရမယ့် အခွင့်အရေးကို စွန့်လွှတ်ခဲ့ပါတယ် ။

Miss World အတွက်ပြိုင်ပွဲဝင်ဖို့ကမ်းလှမ်းခဲ့ပေမယ့် သူမကငြင်းဆိုခဲ့တာပါ ။

ဘာကြောင့်လဲဆိုတော့ Swimsuit နဲ့ ကိုယ်ဟန်ပြရမှာ ရှက်လို့ပါတဲ့ ။

Miss World ပြိုင်ပွဲတွေမှာ Swimsuit နဲ့ ကိုယ်ဟန်ပြရတာဟာ အသားအရည်ကိုစစ်ဆေးဖို့ဖြစ်ပါတယ် ။

မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီလှပေမယ့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလုပ်ရတဲ့ပွဲဖြစ်တဲ့အတွက်

ဝင်ပြိုင်မယ်ဆိုရင်တော့ မဝတ်ဖို့ ငြင်းဆန်လို့မရနိုင်တာဖြစ်တဲ့အတွက်

ဝင်ပြိုင်ဖို့ အခွင့်အရေးကကိုပါ စွန့်လွှတ်ခဲ့တာပါ ... ။

အဲဒီ မော်ဒယ်မလေးကတော့ ခုချိန်မှာ လူသိများထင်ရှားတဲ့ မင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။

သူမ အမည်ကတော့ သန္တာဗိုလ် ပဲဖြစ်ပါတယ် ... ။

Source : myanmarcuite

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။