ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးလိုက်တိုင်း အသက်ရှုရပ်သွားလောက်အောင် လှနိုင်လွန်းသူလေးကတော့ သရုပ်ဆောင် အေးမြတ်သူပဲ ဖြစ်ပါတယ်။ ဇာတ်ရုပ်မရွေး သဘာဝကျကျနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ အေးမြတ်သူက မကြာသေးခင်မှ အကယ်ဒမီ ဆုပေးပွဲကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အေးမြတ်သူက '' သွေးကြွေး'' ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်မှာတော့ အေးမြတ်သူက မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ပြီး ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွှဲနေတာ ဖြစ်ပါတယ်။ အေးမြတ်သူက သင်္ကြန်လေးရက်လုံးကို အင်းလျားလမ်းလမ်းလျှောက်သင်္ကြန်ပွဲမှာ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အခုလည်း အေးမြတ်သူက သင်္ကြန်အတက်နေ့အတွက် ပရိသတ်တွေကို ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ထားပါတယ်။

အေးမြတ်သူက '' ချစ်ရတဲ့အမျိုးတို့ရေ ...မနက်ဖြန်ဆို အတာသင်္ကြန်ရက်လေးကုန်ဆုံးတော့မယ်ရှင့် နောက်ဆုံးနေ့လေးမှာ အတူတူရေဆော့မယ် ဓာတ်ပုံလေးတွေရိုက်မယ် မမြတ်လေးတို့တွေ အမှတ်တရတွေသာချန်ခဲ့ပြီး အမှိုက်တွေမချန်ဖို့ သတိထားကြရအောင်နော် မနက်ဖြန်လည်း အင်းယားလမ်းလျှောက်သင်္ကြန်မှာပဲမမြတ်လေးကအားလုံးကိုစောင့်မျှော်နေပါ့မယ် အားလုံးကိုချစ်တယ်ရှင့် '' ဆိုပြီး ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နွားလှည်းစီးပြီး လျှောက်လည်နေတဲ့ ပေးမြတ်သူရဲ့ မြန်မာဆန်ဆန် အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Aye Myat Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။