ဟာသ ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်ကြီးကြည့်ရှုခံစားရအောင်အမြဲတင်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးတစ်ယောက်ဟာဆိုရင် အနုပညာလောကထဲကို ဝင်ရောက်လာတာသိပ်မကြာသေးဖူးဆိုပင်မဲ့ ကြိုးစားမှုနှင့် စိတ်ထားကောင်းမှုတို့ကြောင့် အချိန်တိုအတွင်းအောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေကြားထဲကနေ ရုန်းကန်လှုပ်ရှားလာရပြီး နောက်ဆုံးမှာတော့ social media လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ နယ်လှည့်ဖျော်ဖြေရေးတွေအများဆုံးလက်ခံလာရပြီး ကြော်ငြာအများအပြားလည်း လက်ခံရိုက်ကူးလာတာကို တွေ့ရမှာပါ။ သဘာဝကျကျသရုပ်ဆောင်ထားတဲ့ Tik Tokဗီဒီယိုဖိုင်လေးတွေဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာ ဂုဏ်သတင်းမွှေးစွာပျံ့နှံ့လျက်ရှိပါတယ်။

ဖြူဖြူထွေးဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ကျေးလက်ဒေသမှာ ပုံစံအမျိုးမျိုးလုပ်ပြီး ဖန်တီးပြုလုပ်ထားတဲ့ tiktok ဗီဒီယိုဖိုင်လေးကို "နေတက်ရင် ကျေနပ်ဆရာကြီး" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Phyu Phyu Htwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။