ချစ်ပရိတ်သတ်ကြီးရေ....အနုပညာလောကထဲမှာ ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားပြီးတော့ လူငယ်တွေကော လူကြီးပရိတ်သတ်တွေပါ အားပေးခြင်းခံရတဲ့ အဆိုတော်မလေးအေသင်ချိုကိုမသိတဲ့သူမရှိပါဘူးနော်၊ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသံချိုချိုလေးနဲ့ပရိတ်သတ်တွေရဲ့နှလုံးသားကို သိမ်းယူသွားနိုင်သူလေးလည်းဖြစ်ပါတယ်နော်။

အေသင်ဟာ လက်ရှိမှာတော့ အလုပ်ပညာအလုပ်တွေကို အရင်ကလောက် တော့မလုပ်ဖြစ်တော့ပေမယ့် သူမကိုအားပေးတဲ့ပရိတ်သတ်တော့ တပုံတပင်ရှိနေဆဲပါပဲနော် အခုဆိုရင် အေသင်ဟာ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သမီးlvyလေးကို ပိုင်ဆိုင်ထားရတဲ့ မိခင်တစ်ယောက်လည်းဖြစ်နေပါပြီနော်။ ဘယ်လောက်ပဲပင်ပန်းပင်ပန်းအေသင်အတွက်ကတော့ သမီးလေးရဲ့အပြုံးဟာ အားဆေးတစ်ခွက်ပါပဲနော်။

သူမဟာ အခုနှစ် သြင်္ကန်မှာတော့ သူမရဲ့ စိတ်ပင်ပန်းမှုတွေ အလုပ်ကိစ္စတွေကိုခေတ္တမေ့ပြီးတော့ သူမရဲ့ အသည်းစွဲ Dj Playerဖြစ်တဲ့ Headhunterzကိုသွားရောက်အားပေးခဲ့ပါတယ်။ ဒါကိုသူမက "တကယ်တော့ ကျွန်မနေမကောင်းပါဘူး။ ဒါပေမဲ့ ကျွန်မချစ်သူဆီကိုတော့ မရ ရအောင် သွားပြီး အားပေးခဲ့ပါတယ်"ဆိုပြီးတော့ရေးသားပြောပြထားခဲ့တာကိုတွေ့ရပါတယ်နော်။ကဲ....ပွဲကိုရောက်ပြီးအပြတ်ဒွန့်နေခဲ့တဲ့အေသင့်ရဲ့ပုံရိပ်လေးတွေကိုချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။