MNTV မဏ္ဍပ်မှာ သြင်္ကန်ရက်တွေဖျော်ဖြေရင်းနဲ့ အပျော်ကြီးပျော်နေကြတဲ့ အိမ့်ချစ် ရဲ့ ပုံရိပ်လေးတွေက ကြည်နူးစရာပါပဲ။ ချစ်စရာကောင်းတဲ့ မောင်နှမ နှစ်ယောက် ကတော့ အဖေ့လိုပဲ ညိုချော လေးတွေဖြစ်ပြီး အသံလည်း ကောင်းကြပါသေး တယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က သားဖသုံးယောက်ပေါက်ပြီး ဖျော်ဖြေပွဲလေးတစ်ခုဟာ အတော်လေးစည်ကားခဲ့ပါတယ်။

သီချင်းခွေတွေလည်းထွက်ရှိထားပြီး ဂီတလောကမှာအောင်မြင်မှုရရှိပြီးသား အိမ့်ချစ်ကတော့ မောင်ဖြစ်သူကိုလည်း လက်တွဲခေါ်ယူနေတဲ့ အမကြီးအမိရာပီသသူ တစ်ယောက်ပါပဲ။ မောင်နှမ နှစ်ယောက် ခရီးတွေ အတူတူထွက်ကြပြီး မတည့်အတူနေ နှစ်ယောက်ပါပဲ။ Broken Family ဖြစ်ပေမယ့် ဖခင်နဲ့သူမတို့ရဲ့ ဆက်ဆံရေးကတော့ အမြဲတမ်းနွေးထွေးနေဆဲပါပဲ။

သူမရဲ့ဖျော်ဖြေမှုပုံရိပ်တွေကို " MNTV သြင်္ကန်အကြတ်နေ့ ညနေပိုင်း " ဆိုပြီးတင်ထား တာပဲဖြစ်ပါ တယ်။ ကြည်နူးစရာကောင်းတဲ့ ဖျော်ဖြေမှုပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။