The Conjuring 2 ဆိုတာက ၂၀၁၃ခုနှစ်ကထွက်ရှိခဲ့တဲ့ The Conjuring ဇာတ်ကားရဲ့ အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းကတော့မတူညီပါဘူး။ နှစ်ကားစလုံးရဲ့ဒါရိုက်တာကတော့ James Wan ဖြစ်ပါတယ်။ James Wan ကမလေးရှားမှာမွေးဖွားခဲ့ပြီးလက်ရှိအချိန်မှာတော့ အသက်၄ဝပါရှိပါတယ်။ သြစတြေးလျ နိုင်ငံသားပါ။

အာရှဒါရိုက်တာတစ်ယောက်ဖြစ်တာနဲ့အညီ စိတ်နယ်လွန်ဖြစ်ရပ်ဆန်းဇာတ်ကားတွေအလေးပေးရိုက်ကူးပါတယ်။

ဒါပေမယ့်၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ နံမည်ကြီး Furious 7 ဇာတ်ကားကတော့သူရဲ့ ပထမဆုံးအက်ရှင်ဇာတ်ကားပါ။ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ သူရိုက်ခဲ့သမျှ ဇာတ်ကားတိုင်းကုန်ကျစရိတ်အနည်းဆုံးရှိခဲ့ပေမယ့်ပြန်ရတဲ့ အမြတ်ငွေကအံ့အားလောက်အောက် ဝင်ငွေပိုင်းအရအောင်မြင်ပါတယ်။လက်တလောကြည့်လိုက်ရတဲ့

The Conjuring 2 ဇာတ်ကားရဲ့ကုန်ကျစရိတ်ကအမေရိကန်ဒေါ်လာသန်း ၄၀ ရှိပေမယ့် လက်ရှိအချိန်အထိအမေရိကန်ဒေါ်လာ သန်း၃၂၀ ကျော်ပြန်ရထားပါတယ်။ 

အဲ့တာကိုကြည့်ခြင်းအားဖြင့် ဇာတ်ကားရဲ့ အောင်မြင်မှုကိုတွေ့နိုင်ပါတယ်။အားလုံးမှတ်မိကြမယ့် Saw ဇာတ်ကားတွဲ၊အသံထွက်ရင် သေစေရမယ် ဆိုတဲ့ Dead Silence ၊ နယ်လွန်ခရီးသွားနိုင်သူနဲ့ဖုတ်ဝင်ပူးဖို့စောင့်နေသူ ဆိုတဲ့ Insidious ဇာတ်ကား၊ ခြောက်ခြားမှုတွေပြည့်နှက်နေတဲ့ ဖြစ်ရပ်မှန် The Conjuring နဲ့ The Conjuring 2အစရှိတဲ့ စိတ်နယ်လွန်ဇာတ်ကားဖန်တီးသူ ဒါရိုက်တာ James Wan ကအက်ရှင်ဇာတ်ကားအဖြစ်

သရုပ်ဆောင်တွေများစွာပါတဲ့ Furious 7 ဇာတ်ကားရိုက်ခဲ့သူပါ။ ၂၀၁၈မှာတော့ ဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ DC ဟီးရိုး Aquaman ဇာတ်ကားကြည့်ရမှာပါ။

Source: https://en.wikipedia.org/wiki/James_Wan

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။