လက်ရှိမှာ ပရိသတ်တွေကြား အရမ်းကို ရေပန်းစား လူကြည့်များနေတဲ့ ''ကျွန်မက မဟေသီ '' ဇာတ်လမ်းတွဲလေးကတော့ မကြာခင်မှာ ဇာတ်သိမ်းပိုင်းကို ရောက်ရှိလို့လာတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းပြီးဆုံးခါနီးတဲ့ အချိန်အထိ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးထားတဲ့ ဒီဇာတ်လမ်းတွဲလေးကတော့ တကယ့်ကိုအနှစ်သာရပြည့်ဝတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ မနေ့ညက ပြသခဲ့တဲ့ အပိုင်းမှာဆိုရင်လည်း ပရိသတ်တွေကို မကြည့်ရှုရမနေနိုင်လောက်အောင် ဆွဲဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

မကြာခင်မှာ အမှန်တရားပေါ်ပေါက်လာတော့မှာဖြစ်တာကြောင့် ကြည့်ရှုသူပရိသတ်တွေကလည်း ဝမ်းသာအားရ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်ထားတဲ့ မင်းသမီးချော ဝင့်ယမုံနိုင် ခေါ် စံမြန်းလေးက ''မောင်ရယ် ...... ပြောစရာတွေများလွန်းလို့ မြန်းပြောမထွက်တော့ဘူး '' ဆိုပြီး ပြောထားပါတယ်။ စံမြန်းရဲ့ အိုက်တင်အမူအရာ အသက်ဝင်မှုကတော့ မျက်လုံးအကြည့်လေးတွေမှာပါ ထင်ဟပ်နေတာ တွေ့ရပါတယ်။

အားလုံးက ချစ်ရတဲ့ စံမြန်းလေးကတော့ အခုလို သင်္ကြန်ကာလမှာ စတုဒီသာတွေ ကျွေးမွေးပြီး အလှူပြုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ''အကြတ်နေ့လေးလည်း ပြီးသွားပါပြီနော် ...ယူတို့ရဲ့ မဟေသီလေးကတော့ ရေလုံးဝမစိုသေးပါဘူးနော် '' ဆိုပြီး သင်္ကြန်ပြီးခါနီးတဲ့အချိန်အထိ ရေမစိုသေးဘူးလို့လည်း ပြောပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝင့်ယမုံနိုင်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wint Ya Mone Naing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။