မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ မင်းသားလေးတစ်လက် ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းတဲ့ တိုင်ရွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။ 

အနုပညာလောကရဲ့ နာမည်ရမင်းသမီးတစ်လက်ဖြစ်သလို အချိန်တိုအတွင်း အောင်မြင်မှုတွေရရှိထားသူကတော့ မင်းသမီး ပက်ထရစ်ရှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများကို ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေတဲ့ မော်ဒယ်နဲ့သရုပ်ဆောင် ပက်ထရစ်ရှာဟာ လူငယ်ပရိသတ်များစွာရဲ့ အားပေးမှုကိုအပြည့်အ၀ ရရှိထားသူဖြစ်ပါတယ်။ သူမရဲ့ပုံရိပ်တိုင်းလိုလိုဟာလည်း အရမ်းကိုချစ်စရာကောင်းနေပြီး ပရိသတ်တွေချစ်မဝဖြစ်နေတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တဲ့ သူတို့နှစ်ယောက်ကတော့ မနေ့ညကထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပတဲ့ပွဲတစ်ပွဲမှာ နှစ်ယောက်အတူဆင်နွှဲခဲ့ကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခါးလေးကိုဖက်ထားတဲ့ပုံရိပ်လေးတွေကိုလည်း စူးရှနိုင်ရဲ့ Instagram myday လေးမှာတင်ထားတာပဲ ဖြစ်ပါတယ်။ ဒီပုံလေးကြောင့် ပရိသတ်တွေလည်းလုံးဝကိုအံ့အားသင့်စေမှာအသေအချာပါပဲနော်။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Sue Sha Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။