သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အခုဆိုရင် အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးပြီး အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ သဉ္ဇာက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ သားလေးကို အချိန်ပေးပြီး ဂရုစိုက်နေတဲ့ မေမေသဉ္ဇာက ယနေ့တိုင်အောင် အရွယ်တင်နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

သဉ္ဇာရဲ့သားလေးဖြစ်တဲ့ Peach လေးကလည်း ပါးဖောင်းဖောင်း လုံးလုံးလေးတွေနဲ့ အရမ်းကို ချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း Peach လေးက ဖေဖေ၊မေမေတို့နဲ့အတူ သူရဲ့ပထမဆုံးသင်္ကြန်ကို ဖြတ်သန်းခဲ့ပါတယ်။ ဒီနှစ်သင်္ကြန်ကိုတော့ သဉ္ဇာတို့မိသားစုလေးက ကိုယ်ပိုင်အုန်းလက်မဏ္ဍပ်လေးဆောက်ပြီး ပျော်ပျော်ပါးပါး ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

အခုလည်း သဉ္ဇာတို့မိသားစုလေးက အုန်းလက်မဏ္ဍပ်လေးမှာ ပျော်ပျော်ပါးပါး ရေဆော့ကစားပြီး သင်္ကြန်အကြတ်နေ့လေးကို ကုန်ဆုံးခဲ့ကြပါတယ်။ သဉ္ဖာတို့မိသားစုရဲ့ပျော်ရွှင်စရာ အမှတ်တရပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကတော့ မြင်ရသူတိုင်းကို ကြည်နူးပီတိဖြစ်စေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုယ်ပိုင်အုန်းလက်မဏ္ဍပ်လေးမှာ ပျော်ရွှင်နေကြတဲ့ သဉ္ဇာတို့မိသားစုရဲ့ သင်္ကြန်ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thinzar Nwe Win;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။