မယ်လိုဒီတစ်ယောက် ချစ်စရာကောင်းပြီး လိမ္မာတဲ့သားလေးကို ရရှိပိုင်ဆိုင်ထားတာ တကယ့်ကို ဘုရားပေးတဲ့ဆုလာဘ်ပါပဲ။ ငယ်ငယ်ကတည်းက ရုပ်ရည်လေးက သန့်ပြန့်ပြီး ချောမောလွန်းတာမိုပ အားလုံးကတောင် ဝိုင်းဝန်းစနောက်ရတဲ့အထိပါပဲ။ မေမေ့ရဲ့ချောမော မှုတွေနဲ့ ဖေဖေ့ရဲ့ခန်းညားမှုတွေ ကို ပိုင်ဆိုင်ထားတဲ့သားလေးဖြစ်တာမို့ အရမ်းကို ကြည်လင်ရှင်းသန့်ပြီး အပြစ်ကင်းနုနယ်လွန်းတဲ့ ကလေးလေးဖြစ်လို့နေပါတယ်။

အင်းယားလမ်းမှာစတုဒီသာမစားရလို့ စိတ်မပျော်တဲ့ မေမေ့ကို ရေကစားပြီးစိတ်ပျော် ရွှင်အောင် လုပ်ပေးတဲ့ လိမ္မာတဲ့သားလေးပါပဲ။ ကိုယ့်အချင်းချင်းပြန်ပက် အိမ်ရှေ့ ကလာသမျှလူအကုန်ပက်နဲ့ ပျော်စရာကောင်းတဲ့သြင်္ကန်ရက်လေးဖြစ်စေခဲ့ပါတယ်။ ငယ်ငယ်ကတည်းက သြင်္ကန်ပျော်လေးဖြစ်ပြီး ကြီးလာရင်တော့ ဘယ်လိုလာမလဲမသိဘူး လို့ မေမေကောက်ချက်ချပါသေးတယ်။

သားလေးရဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားနေတဲ့ ပုံရိပ်လေးတွေကို " အိမ်ရှေ့က Pj masks သြင်္ကန် ပေါ့နော် အင်းလျားလမ်းမှာ စတုဒီသာ သွားမစားရလို့ အိုစာနေတဲ့ မေမေ့ကိုပျော်အောင်ထားတဲ့ သားလေးပါ အိမ်ရှေ့ကိုဖြတ်တဲ့သူကိုပက် အခြင်းခြင်း ပြန်ပက် ကြည်နူးချစ်စဖွယ်ကောင်းသော သြင်္ကန်ဖြစ်ခဲ့ပါတယ် သားသားလည်း သြင်္ကန်ပျော်သောကလေးလေးပါ (ကြီးလာရင်တော့ ဘယ်လိုတွေကဲမလဲ) သီချင်းက ဆိုသေးတာ မိချောရေ မိချောရေ မုန့်လုးံတဲ့ ထပ်တူထပ်မျှှ ပျော်ရွှင်ကြပါစေရှင် အေးချမ်းသောသြင်္ကန်မှာ မြန်မာပြည်ကြီးအေးချမ်းပါစေ ၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင် ၂၀၁၉ သြင်္ကန် အကြတ်နေ့ အိမ်ရှေ့သြင်္ကန် အမှတ်တရ " ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

Photo - Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။