Snare အဖွဲ့လို့ပြောလိုက်တာနဲ့ လူငယ်ပရိတ်သတ်တွေကြားမှာ အရမ်းကိုမိုက်တဲ့ သီချင်းတွေနဲ့ရေပန်းစားလျက်ရှိတဲ့ ဟစ်ဟော့အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်လျက်ရှိပါတယ်။ ဒီအဖွဲ့လေးဟာ ပရိတ်သတ်တွေရဲ့အသည်းကျော်ဖြစ်တဲ့ ဘကြီးဖြိုးနဲ့ဦးနေဝင်းတို့နှစ်ယောက်ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အမိုက်စားဟစ်ဟော့အဆိုတော်တွေပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေဝင်းကတော့ အမိုက်စားကာရံတွေ စာသားတွေနဲ့အလန်းစားတေးသီချင်းများကို ရေးဖွဲ့ဖန်တီးလေ့ရှိပြီး ဂီတလောကတွင်သာမကပဲ OMG အကျီဆိုင်ရဲ့ CEO အဖြစ်နဲ့စီးပွားရေးနယ်ပယ်မှာပါ အောင်မြင်နေသူဖြစ်ပါတယ်။  

အချစ်ရေးဘက်မှာလည်း ချစ်စရာကောင်းတဲ့ချစ်သူလေးနဲ့ပဲ နှစ်အတော်ကြာတဲ့အထိ သစ္စာရှိရှိလက်တွဲနေသူလည်းဖြစ်ပါတယ်။ ယခုဆိုရင်သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းဟာ ၉ နှစ်ပင်ကျော်လာပြီပဲဖြစ်ပါတယ်။ ကောင်မလေးအပေါ်အရမ်းချစ်တဲ့အကြောင်းတွေကို မကြာခဏသီချင်းရေးဖွဲ့လေ့ရှိပြီး လတ်တလောကထွက်ရှိထားတဲ့ " ဆွေမျိုးပါမေ့ " တေးစီးရိးတွင်လည်း သူ့ကောင်မလေးအတွက် " နေ့ကောင်းနေ့မြတ် " ဆိုပြီးအဆိုတော်အိမ့်ချစ်နဲ့အတူတွဲဖက်ကာရေးစပ်သီဆိုထားပါတယ်။ 

သူတို့အတွဲလေးဟာအရမ်းကိုချစ်စရာကောင်းပြီး ပရိသတ်တွေကပါအားကျနေရတာပါ။ နေဝင်းဟာသူ့ရဲ့ချစ်သူ ခရီးသွားBlogger မလေးသွားသမျှနေရာတိုင်းကိုလည်း မငြီးမသူလိုက်ပို့ပေးတတ်သူပါ။ အိမ့်ချစ်ချောကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သြင်္ကန်မှာတူတူရှိတာ ၁၁ နှစ်ရှိပြီဆိုပြီး ဝေမျှထားတာပါ။ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Eainy Chit Chaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။