မင်းသမီးချောလေး မိုးယုစံကတော့ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ စကားပြောချိုသာ ယဉ်ကျေးသူလေးတစ်ယောက် ဖြစ်ပါတယ်။ ကြော်ငြာ၊ဗီဒီယိုနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ရတဲ့ မိုးယုက လက်ရှိမှာတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက် ရရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ မိုးယုက ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးသွားခဲ့ပေမယ့် နှင်းဆီအဖွဲ့သားတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေပေးနေဆဲ ဖြစ်ပါတယ်။

သင်္ကြန်လေးရက်တာလုံး နေပြည်တော်က ''Skynet'' မဏ္ဍပ်ကို ရောက်ရှိနေတဲ့ မိုးယုက ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။ မိုးယုနဲ့အတူ နှင်းဆီအဖွဲ့သားတွေအားလုံးကလည်း စုံစုံလင်လင် ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော် သင်္ကြန်မှာ ပါဝင်ဆင်နွှဲနေကြတာ တွေ့ရပါတယ်။ သင်္ကြန်အကြတ်နေ့မှာတော့ မိုးယုရဲ့ချစ်သားလေးက မေမေတို့အဖွဲ့ကို မဏ္ဍပ်အထိ လာရောက်အားပေးခဲ့ပါတယ်။

လူချစ်လူခင် ပေါများတဲ့ မိုးယုသားလေးကိုတော့ နှင်းဆီအဖွဲ့သားလေးတွေ အားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ အခုလည်း မိုးယုက ''သင်္ကြန် အကြတ်နေ့ ညပိုင်းဖျော်ဖြေ သားသားပါ ခဏလိုက်လာလို့ မာမီလေးအရမ်းပျော်ပီ'' ဆိုပြီး အကြတ်နေ့ညနေပိုင်း ပုံရိပ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ မိုးယုစံတို့သားအမိရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Moe Yu San;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။