နှင်းဆီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အကယ်ဒမီမင်းမော်ကွန်းနဲ့ အကယ်ဒမီထွန်းထွန်းတို့ နှစ်ယောက်သား မျိုးကြီးရဲ့ " မလာပါနဲ့ " သီချင်းကို မင်းမော်ကွန်းက စန္ဒယားတီးကာ သီဆိုနေပြီး ထွန်းထွန်းကလည်း ပါဝင်သီဆိုနေတာပဲဖြစ်ပါတယ်။ ဒီလိုနှစ်ယောက်သား ဂီတမှာစီးမျောခံစားနေတာကို မင်းမော်ကွန်းရဲ့ အငယ်ဆုံးသားလေးရဲ့ ကျော်ကျော်ဗိုလ် ရဲ့ တစ်ဦးတည်းသောသမီးလေးက ဘေးကနေ ငေးကြည့်နေတာပဲဖြစ်ပါတယ်။

ငေးကြည့်နေရင်း ကလေးသဘာဝ ဆော့ကစားနေတာလေးကလည်း ချစ်စရာကောင်း နေပါတယ်။ နှင်းဆီနှစ်ပွင့်ကလည်း အဆိုတော်တွေလို့ မပြောရဘူး စည်းဝါးကျကျ ပိုင်ပိုင်နိုင်နိုင်သီဆိုနေပုံက တကယ့်ကိုနားထဲကနေ ရင်ထဲကို တိုက်ရိုက်ထိမှန်သွားသလို ပါပဲ။ နှင်းဆီလေးပွင့်လုံး ခပ်စောစောပိုင်းလာက်က အတက်နေ့မှာ ဘယ်လိုဖျော်ဖြေ မှုပုံစံနဲ့ သွားမလည်းဆိုတာကို ဆွေးနွေးတိုင်ပင်နေကြပါသေးတယ်။

ပရိသတ်အချစ်တော် နှင်းဆီလေးတွေရဲ့ သီချင်းသီဆိုမှုနဲ့ ဖျော်ဖြေဖို့ တိုင်ပင်နေတဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။ အဆိုလည်းကောင်း သရုပ်ဆောင်လည်းကောင်းတဲ့ နှင်းဆီပွင့်တွေရဲ့ ပုံရိပ်တွေကို ကြည့်ရှုလိုက်ပါဦးနော်။

Photo - Htin Aung Htun / နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။