အဆိုတော် အောင်လနဲ့ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့ စုံတွဲလေးကတော့ ဝေဖန်တိုက်ခိုက်မှုတွေကြားက အချစ်တွေခိုင်မြဲခဲ့ကြတဲ့ ချစ်သူနှစ်ဦးပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ကိုယ်စီရရှိထားတဲ့ သူတို့ချစ်သူနှစ်ဦးက အခုဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ နယ်ရှိုးပွဲတွေကအစ အတူတူသွားရောက် သီဆိုုလေ့ရှိတဲ့ သူတို့စုံတွဲလေးကိုတော့ ပရိသတ်တွေအားလုံးက အားကျနေရတာ ဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှု အပြည့်ရှိကြတဲ့ သူတို့စုံတွဲလေးက သာယာတဲ့အချစ်ခရီးလမ်းလေးကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ အခုလည်း သူတို့စုံတွဲလေးက သင်္ကြန်မဏ္ဍပ်တွေမှာ ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေပေးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်သင်္ကြန်မှာတော့ ဝိုင်းစုကို ပထမဆုံးရေလောင်းတဲ့သူကလည်း ချစ်သူအောင်လပဲ ဖြစ်ပါတယ်။

အခုလည်း အောင်လက '' ထိန်းရခက်တဲ့ ကလေး '' ဆိုပြီး ဝိုင်းစုနဲ့အတူ ပျော်ရွှင်ကြည်နူးစွာ ရေကစားနေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်လို ဆော့ကစားနေတဲ့ ဝိုင်းစုကိုတော့ အောင်လက ဘေးကနေအရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် ချစ်ပေးနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်လနဲ့ ဝိုုင်းစုခိုင်သိန်းတို့စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းတဲ့ သင်္ကြန်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Reodinieus Aung La;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။