ပရိသတ်ကြီးရေ ပရိသတ်တွေအရမ်းချစ်ရတဲ့ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ပညာရေးမှာလည်းတော် ဝါသနာပါတဲ့အနုပညာမှာလည်း တော်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေ အားပေးရကျိုးနပ်တဲ့ ရွှေမင်းသမီးလေးပါနော်။ပိုင်ဖြိုးသုက စိတ်ထားလေးလည်း ဖြူစင်အေးချမ်းတဲ့သူတစ်ယောက်ဖြစ်လို့ သူမရဲ့ချစ်စရာမျက်နှာလေးကလည်း အမြဲတမ်းအေးချမ်းလို့နေပါတယ်။ပိုင်ဖြိုးသုရဲ့အလှလေးက ညိုစိမ့်စိမ့်လေးနဲ့ ကြည့်လေ ယဉ်လေ အလှလေးကို ပိုင်ဆိုင်ထားတဲ့ ပြည်သူ့အသည်းစွဲ မင်းသမီးလေးဖြစ်ပါတယ်။

ပိုင်ဖြိုးသုက အခုဆိုရင် ပရိသတ်အများအပြားရဲ့ အားပေးချစ်ခင်ခြင်းတွေကို ရရှိနေတာကြောင့် အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်လို့ဆိုလို့ရပါတယ်။ပိုင်ဖြိုးသုက အခုချိန်ထိလည်းအနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေပြီး အမြဲတမ်းကြိုးစားနေတာဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့ ချစ်ခင်ပွန်းဒါရိုက်တာဏကြီးကလည်း ချစ်ဇနီးလေးဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးပြီး အလိုလိုက်တာကြောင့် ပိုင်ဖြိုးသုကတော့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားပါတယ်နော်။

အခုဆိုရင်တော့ ပိုင်ဖြိုးသုတို့စုံတွဲက မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်လေးကို ရန်ကုန်မှာမဆင်နွှဲတော့ဘဲ ဇနီးမောင်နှံနှစ်ယောက် အပန်းဖြေခရီးလေးကို ထွက်သွားကြပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ အများပြည်သူအားလပ်ရက်လေးမှာ သူတို့လည်း စိတ်လွတ်ကိုယ်လွတ်အနားယူနေပြီး နှစ်ယောက်သားချစ်ကြည်နူးနေကြပါတယ်။ဒီနေ့သင်္ကြန်အတက်နေ့လေးမှာလည်း ဇနီးမောင်နှံနှစ်ယောက်အပြန်အလှန်ဓာတ်ပုံလေးတွေရိုက်ပေးပြီး ကြည်နူးစရာကောင်းတဲ့စုံတွဲပုံလေးတွေကိုလည်း ပိုင်ဖြိုးသုက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။

Source:Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။