ပရိသတ်ကြီးရေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ သက်တမ်းတစ်ခုထိ ကြာမြင့်နေပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အခုချိန်မှာဆိုရင် လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားပြီး ပရိသတ်ရဲ့ အချစ်များစွာကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ရဲ့ အိမ်နာမည် ကစ် ကို ပရိသတ်တွေကပါ ချစ်စနိုးလေးနဲ့ ရွှေကစ်လို့ ခေါ်ကြပါတယ်။ကစ်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ကိုင်နေပြီး အမြဲတမ်းကြိုးစားနေတဲ့သူတစ်ယောက်ပါ။

ရွှေကစ်လေးက အခုဆိုရင် အသက်၃၀အရွယ် လူလတ်ပိုင်းကို ရောက်လာပေမယ့် သူမရဲ့နုပျိုမှုကတော့ အံ့သြမှင်သက်လောက်စရာပါပဲနော်။အရမ်းလှပြီး ဖြူဖွေးနုဖတ်နေတဲ့အသားအရည်နဲ့ အရေးအကြောင်းကင်းစင်တဲ့ မျက်နှာနုနုလေးက ဘယ်လိုမှ ၃၀လို့မထင်ရက်စရာကောင်းအောင် နုငယ်လွန်းလှပါတယ်။ရွှေကစ်လေးက ဖြူစင်တဲ့စိတ်ထာလေးနဲ့ လူတိုင်းအပေါ် ဖော်ရွေစွာ ဆက်ဆံတတ်သူဖြစ်လို့ လူချစ်လူခင်ပေါများတဲ့မင်းသမီးလေးပါ။

ရွှေကစ်လေးရဲ့ အနုပညာလှုပ်ရှားမှု အသစ်အသစ်တွေလည်း ဆက်လက်ထွက်ရှိလာဦးမှာဖြစ်လို့ ပရိသတ်ကြီးကလည်း အားပေးကြပါဦးနော်။အခုဆိုရင်တော့ ရွှေကစ်လေး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာပြည်မှာမရှိဘဲ ရေခြားမြေခြားမှာ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေလို့နေပါတယ်။ရွှေကစ်လေးက သူမရဲ့ပရိသတ်တွေအတွက်"အားလုံးပဲ ပျော်ရွှင်ကြပါစေ အေးချမ်းကြပါစေ ချစ်ဆုံးပရိတ်သတ်တွေ မေတ္တာတွေ နဲ့ နှစ်သစ်ကို ဖြတ်ကျော်နိုင်ပါစေ ကလေးဒွေ ဒီနေ့ သိပ်မကဲကြနဲ့နော်"ဆိုပြီး နှစ်သစ်ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်။

Source:Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။