ပရိသတ်ကြီးရေ အကယ်ဒမီမင်းဦးကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့တဲ့ မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။မင်းဦးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပြီး ပျိုမဒီလေးတွေအသည်းစွဲခဲ့ရတဲ့ မင်းသားတစ်လက်ပါနော်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပြီး ချစ်ခင်အာပေးတဲ့ အခိုင်အမာပရိသတ်တွေကိုလည်း ရရှိထားပါတယ်။

မင်းဦးက ချစ်ဇနီးချောချောလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဇနီးမောင်နှံနှစ်ယောက်က ပျော်ရွှင်ချမ်းမြေ့တဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားကြပါတယ်။ဇနီးမောင်နှံနှစ်ယောက်လုံးက တစ်ယာက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်ဂရုစိုက်မှုတွေနဲ့ ကူညီဖေးမကြလို့ အများကအားကျရတဲ့အိမ်ထောင်ရေးလေးပါ။မင်းဦးက ချစ်ဇနီးချောလေးကို ဘယ်သွားသွားအမြဲခေါ်သွားလေ့ရှိပြီး ရှုတင်တွေနဲ့ ပွဲအခမ်းအနားတွေဆိုလည်း ချစ်ဇနီးလေးက မပါမဖြစ်ပါနော်။

အခုဆိုရင်လည်း မင်းဦးတို့ဇနီးမောင်နှံနှစ်ယောက်က မြန်မာ့နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို အများနည်းတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေတာကို တွေ့ရပါတယ်။သင်္ကြန်အကြိုနေ့ကတည်းက ချစ်ဇနီးလေးနဲ့ အတူတူကဲ လာပြီး ပျော်ရွှင်စွာနဲ့ သင်္ကြန်နေ့ရက်များကို ဖြတ်သန်းနေကြပါတယ်။ဒီနေ့နောက်ဆုံးနေ့ သင်္ကြန်အတက်နေ့လေးကို ရေပေါ်သင်္ကြန်မှာ ဇနီးမောင်နှံနှစ်ယောက်ပျော်ရွှင်စွာဖြတ်သန်းပြီး ဇနီးချောလေးကို ဓာတ်ပုံတွေရိုက်ပေးပြီး အနားယူနေကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။