ချစ်ပရိတ်သတ်ကြီးရေ... အရုပ်မလေးလိုအရမ်းချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပေမယ့် ကြမ်းကြမ်းရမ်းရမ်းတွေသရုပ်ဆောင်တတ်တဲ့ မင်းသမီးချောလေးယဉ်လတ်ကို ပရိတ်သတ်တွေသိမှာပါနော်။ သူမဟာ ဖန်စီအချစ်ကားတွေ ရိုက်လို့ရပေမယ့် လည်း အစကတည်းက သူများနဲ့မတူ တမူထူးခြားတဲ့သူမို့ ခံယူချက်ပြင်းပြင်းနဲ့ ဘယ်လိုပဲခက်ခက်ခဲခဲသရုပ်ဆောင်ရပါစေ အနုပညာကိုချစ်တဲ့စိတ်နဲ့အမြဲကြိုးစားနေခဲ့ပါတယ်နော်။

ဒါကြောင့်လည်း သူမကို ပရိတ်သတ်တွေက လက်ခံအားပေးပြီး နေရာတစ်နေရာကို ထိုက်ထိုက်တန်တန်ပေးခဲ့တာပဲဖြစ်ပြီးတော့ အချိန်တိုတိုနဲ့အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်နော်။ အခုဆိုရင်သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အထိအောင်မြင်နေခဲ့ပါပြီနော်။

သူမဟာ အတာနှစ်ကူးတဲ့ တန်ခူးက သြင်္ကန်မှာတော့ အခြားသူတွေ မဏ္ဍပ်တကာလည်ပြီး ပျော်ရွှင်မှုကို ရှာဖွေနေတဲ့အချိန်မှာ သူမကတော့ ဘာသာတရားတွေလုပ်ပြီး ဘုရားသွားကျောင်းတက်လုပ်နေတာကိုတွေ့ရပါတယ်နော်။ အခုတစ်ခါမှာလည်း ကျက်သရေရှိလှတဲ့ နှစ်ကူးအချိန်အခါမှာ ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့ မြန်မာဝတ်စုံလေးကိုလိုက်ဖက်စွာဝတ်ပြီး သူ့ရဲ့ဖေဖေတို့နဲ့အတူ ဘုရားကိုတူတူသွားကာ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ပါတယ်နော်။ကဲ... ဘုရားကိုကျက်သရေရှိရှိလေးဝတ်စားပြီး ကုသိုလ်သွားယူခဲ့တဲ့ယဉ်လတ်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။